unicodeကုပိုင်သည် ဇာတ်ကြောင်းကို သိသော်လည်း အသေးစိတ်ကို သူ မသိပေ။ ထို့ကြောင့် အစီအစဥ်အတိုင်း မျှောပါသွားရန် အလွန်အန္တရာယ်များသဖြင့် သတိထားရန် လိုအပ်သည်။
အမှားအယွင်း အနည်းငယ်ရှိခဲ့ရင် သူ့အဆုံးသတ်က လုရုံချင်းထက် ပိုကောင်းမည် မဟုတ်ပေ။ လုရုံချင်း အသတ်ခံရမည့်အချိန်က သိပ်မဝေးတော့တာမို့ သူ အပြည့်အဝ အာရုံစိုက်ထားရမည်။
ဒီလိုမဟုတ်ဘဲ မူလကိုယ် အသတ်ခံရမည့်အချိန်ကို စောင့်ဆိုင်းနေမယ်ဆိုရင်၊ ရန်သူကို ပုန်းရှောင်ပြီး ရန်သူကို မချေမှုန်းနိုင်ရင် မစ်ရှင်ပြီးမြောက်မှာ မဟုတ်ဘူး။ အချိန်တန်ရင် လျှို့ဝှက်ဆန်းကြယ်တဲ့အသံက သူ့ကို သတ်ပစ်မလား မသေချာဘူး...
ရက်အနည်းငယ်အတွင်းမှာပဲ နန်လီချန်က လုရုံချင်းကို သဘောကျပြီး လုရုံချင်းအတွက် ရာထူးမှ နှုတ်ထွက်တယ်ဆိုတဲ့ သတင်းက ကျောင်းသားတွေကြားမှာ တောမီးလို ပျံ့နှံ့သွားခဲ့သည်။
လုရုံချင်းသည် ရုတ်တရက် ကျောင်းတွင် မိန်းကလေးများနှင့်ယောက်ျားလေးအချို့၏ အာရုံစိုက်မှု ဖြစ်လာခဲ့သည်။
နန်လီချန်သည် ပြောင်မြောက်သော ရုပ်ရည်ရှိရုံသာမက တကယ်ကို အရည်အချင်းရှိသူလည်း ဖြစ်သည်။ သူသည် ပန်းချီပညာ၌ အလွန်ထူးချွန်သည်။ တစ်စုံတစ်ယောက်က သူ့ကို အချိန်ပေးပြီး မြေတောင်မြှောက်ပေးလိုက်မည်ဆိုပါက ပန်းချီလောက၏ ကြယ်ပွင့်အသစ်ဖြစ်လာမှာ သေချာပါသည်။
ထိုကဲ့သို့ ထူးချွန်ထက်မြက်ပြီး အလွန်နူးညံ့သိမ်မွေ့သော male godသည် ကျောင်းရှိမိန်းကလေးအားလုံး၏ အိမ်မက်မင်းသားလေး ဖြစ်သည်။ လူတိုင်းက ကုပိုင်ကို မနာလိုမုန်းတီးနေကြသည်။ ဒီလိုmale godက ကုပိုင်ကို
သဘောကျနေခြင်းသည် အတောမသတ်နိုင်သော မနာလိုမှုကို ဖြစ်ပေါ်စေသည်။နန်လီချန် ရာထူးမှနုတ်ထွက်ပြီးနောက် ကုပိုင်အား ပိုးပန်းမှုသည် ပို၍ပြင်းထန်လာသည်။ နေ့တိုင်း ကျောင်းဆင်းရင် ကုပိုင်ကို ကျောင်းဂိတ်ဝမှာ လာစောင့်နေသည်။ ထို့နောက် သူ့ကို ခေါ်ထုတ်ရန် အကြောင်းပြချက်မျိုးစုံရှာပြီး ချစ်သူစုံတွဲတွေ ချိန်းတွေ့သလိုမျိုး မရေမတွက်နိုင်သော ကြည်နူးဖွယ်အချစ်ဇာတ်လမ်းတွေ ဖန်တီးပေးသည်။
![](https://img.wattpad.com/cover/298906639-288-k283610.jpg)
VOCÊ ESTÁ LENDO
ရွှေပေါင်လုံးကြီးကို ဖက်ထားမယ်
AventuraMyanmar translation of Holding Onto My Man. Alternative names: 抱住我的男人 Author: Hong Yao Yao, 红妖妖 Source: jjwxc Publisher : www.readnovelfull.com This story is NOT MINE. I just translated. All credits go to the original author and the eng translator...