chapter~>26.2 (arc 3)

1.4K 182 8
                                    


ကုပိုင် မှောင်မည်းနေသော နေရာလွတ်ဆီသို့ ပြန်ရောက်သောအခါ ပတ်ဝန်းကျင်သည် ယခင်အတိုင်း ရှိနေပြီး ပြောင်းလဲမှုမရှိချေ။ သူ၏ဝိညာဉ်ကိုယ်ထည်သည် ယခင်ကထက် အနည်းငယ် ပို၍သိပ်သည်းလာသည်။

သို့သော် ဒီတစ်ခေါက် ကြယ်တာရာဟင်းလင်းပြင်သို့ ပြန်ရောက်သောအခါ သူသည် အနည်းငယ် စိတ်လွတ်နေ၏။ အမှန်တွင် သူသည် ထိုကမ္ဘာမှာ နှစ်ပေါင်းတစ်ရာကျော် နေထိုင်ခဲ့သောကြောင့် တုံ့ပြန်ရန် အချိန်လိုအပ်နေပေသည်။

" ဘယ်လိုခံစားရလဲ? "

အချိန်အတော်ကြာ မကြားရသည့် လျှို့ဝှက်ဆန်းကြယ်သောအသံ ထပ်မံထွက်ပေါ်လာတော့မှ ကုပိုင်သည် အသိပြန်ဝင်လာခဲ့သည်။

ဤတစ်ကြိမ်တွင် သူသည် ဘာမှမရှိသော နေရာလွတ်ကို မျက်နှာမမူခဲ့ချေ။ မျက်နှာကို သဲကွဲစွာ မမြင်ရသည့် အနက်ရောင်ဝတ်ရုံ ဝတ်ထားသော အရပ်ရှည်ရှည်နှင့်လူတစ်ယောက်သည် သူ့မျက်စိရှေ့၌ လေထဲတွင် ပေါ်လာခဲ့သည်။ တစ်ဖက်လူ၏ခန္ဓာကိုယ်သည် အနည်းငယ် ဖောက်ထွင်းမြင်နေရပြီး မစ်ရှင်အတွင်း သူ သူ့ကို ဆင့်ခေါ်ခဲ့စဉ်ကအတိုင်း ပုံရိပ်ယောင်ပုံစံဖြင့် ရှိနေသေးတာ ဖြစ်နိုင်သည်။

ကုပိုင်သည် လျင်မြန်စွာ လက်နှစ်ဖက်ကိုယှက်၍ အရိုအသေပြုလိုက်ပြီး ရိုသေလေးစားစွာ တုံ့ပြန်လိုက်သည်။

" ဆရာ... "

" အမ်း၊ မစ်ရှင်က ကောင်းကောင်း ပြီးသွားပြီ။ မင်းရဲ့ဝိညာဉ်က တော်တော်လေး သိပ်သည်းလာတဲ့ပုံပဲ... "

လျှို့ဝှက်ဆန်းကြယ်သောလူက သူ့ကို ချီးကျူးနေသော်လည်း မျက်နှာဖုံးမှ မြင်နေရသော မျက်လုံးများသည် ရေခဲတမျှ အေးစက်နေသည်။ သူ့မှာ လူသားစိတ်ခံစားချက်မရှိသလိုမျိုး သူ့ကို တည့်တည့်ကြည့်ဖို့ ဘယ်သူမှ မဝံ့ရဲကြပေ။

" ဒီတစ်ခေါက် ဆရာ့ရဲ့အကူအညီအတွက် အများကြီး ကျေးဇူးတင်ပါတယ်..."

ကုပိုင်က သူ့ကို ဆက်မကြည့်ရဲပေ။ တစ်ဖက်လူ၏ အေးစက်စက် အရှိန်အဝါသည် အလွန်ကြောက်စရာကောင်းလှသည်။

" ငါ့ကို ကျေးဇူးတင်နေစရာ မလိုပါဘူး။ အဲဒါက အရင်တစ်ခေါက်က မင်းရဲ့ဆုလာဒ်ပဲ။ ဒီတစ်ခေါက်မစ်ရှင်အတွက် ဘာဆုမှမရှိဘူး။ မင်း မစ်ရှင်ကို ချက်ချင်းစချင်လား ဒါမှမဟုတ် ခဏလောက် အနားယူချင်လား "

ရွှေပေါင်လုံးကြီးကို ဖက်ထားမယ်Where stories live. Discover now