Unicode
ဤခန္ဓာကိုယ်၏အမည်ရင်းမှာ လုရုံချင်ဖြစ်ပြီး သူ့ငယ်ဘဝက မကောင်းခဲ့ချေ။
သူ့အမေသည် နိမ့်ကျသော စားပွဲထိုးလေးဖြစ်ပြီး သူ့အဖေအရင်းကတော့ အိမ်တွင်းအကြမ်းဖက်တတ်သည့် အရက်သမားတစ်ယောက် ဖြစ်သည်။
သူ လေးနှစ်သားအရွယ်တွင် မိခင်ဖြစ်သူက ဖခင်ဖြစ်သူ၏ အိမ်တွင်းအကြမ်းဖက်မှုကို သည်းမခံနိုင်တော့ဘဲ မီးဖိုချောင်သုံးဓားဖြင့် ဖခင်ဖြစ်သူကို ဓားဖြင့်ခုတ်သတ်ကာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့သည်။ သွေးများနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ပြည့်နေသောအိမ်တွင် ငယ်ရွယ်တဲ့သူ့ကို တစ်ယောက်တည်း ထားရစ်ခဲ့သည်။
သူ့မိဘများ ဆုံးပါးသွားပြီးနောက် သူ့အဒေါ်အိမ်မှာ လိုက်နေခဲ့သည်။
သူ့အဒေါ်သည်လည်း အကောင်ကြီးကြီး မဟုတ်ချေ။ သူမက သားသမီးမရနိုင်တာကြောင့် ခင်ပွန်းဖြစ်သူနှင့် စောစောစီးစီးကွာရှင်းခဲ့ပြီး အခုတော့ တစ်ကိုယ်တည်းနေထိုင်ကာ နျဲ့အမည်ရှိ ချမ်းသာသော မိသားစုတွင် နာနီအဖြစ် အလုပ်လုပ်နေသည်။
နျဲ့မိသားစုသည် Bမြို့တွင် လူသိများသော ထိတ်ထိတ်ကြဲမိသားစုဖြစ်သည်။ထိုမိသားစုသည် ပိုင်ဆိုင်မှု ဘီလီယံနှင့်ချီသော နိုင်ငံတကာကော်ပိုရေးရှင်းကို ဖွင့်လှစ်ထားသည်။ မစ္စနျဲ့၏ ကျန်းမာရေးမှာ ချို့တဲ့သောကြောင့် မစ္စတာနျဲ့နှင့် နှစ်အတော်ကြာ လက်ထက်ပြီးမှသာ ကိုယ်ဝန်ရခဲ့သည်။ ရလဒ်အနေနှင့် သူမသည် ကလေးမွေးဖွားပြီး မကြာခင်မှာပဲ သေဆုံးသွားခဲ့သည်။
မစ္စတာနျဲ့သည် လုပ်ငန်းကိစ္စများကြောင့် တစ်နေကုန် အပြင်မှာ အလုပ်များနေသဖြင့် သူ့သားကို ဂရုမစိုက်နိုင်ပေ။ မိခင်၏အုပ်ထိန်းမှုမရှိသော ကလေးမှာ အဆင်မပြေနိုင်ပေ။ထို့ကြောင့် သူသည် နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦးကို ရှာ၍လက်ထပ်ခဲ့ပြီး ထိုအမျိုးသမီးက သူ့သားကို ကောင်းကောင်း စောင့်ရှောက်မည်ဟု မျှော်လင့်ခဲ့သည်။
သို့သော် ဒီအမျိုးသမီးက မမျှော်လင့်ဘဲ နှလုံးသားနက်နှင့်မိထွေး ဖြစ်နေ၏။ သူမသည် အပေါ်ယံတွင် အလွန်နူးညံ့ပုံရသော်လည်း မစ္စတာနျဲ့၏နောက်ကွယ်တွင် သူ့သားဖြစ်သူကို အလွန်အမင်း ညှင်းပန်းနှိပ်စက်ခဲ့သည်။ သူမခင်ပွန်း၏ဇနီးဟောင်းက ကျန်ရစ်ခဲ့တဲ့သားကို လည်ပင်းညှစ်သတ်ရန် မစောင့်နိုင်အောင်ပင်။ သို့မှသာ နျဲ့မိသားစု၏အမွေစည်းစိမ်များကို သူမ၏အနာဂတ်သားသမီးများအတွက် ချန်ထားနိုင်မည်လေ။

VOUS LISEZ
ရွှေပေါင်လုံးကြီးကို ဖက်ထားမယ်
AventureMyanmar translation of Holding Onto My Man. Alternative names: 抱住我的男人 Author: Hong Yao Yao, 红妖妖 Source: jjwxc Publisher : www.readnovelfull.com This story is NOT MINE. I just translated. All credits go to the original author and the eng translator...