U
သမက်ဖြစ်သူက နှလုံးသားတစ်ခုလုံးလိုချစ်ရတဲ့ သားငယ်ကိုခေါင်းရိုက်ခွဲလိုက်သည်ဆိုတဲ့သတင်းကြောင့် သားဖြစ်သူနေအိမ်သို့ ချက်ချင်းရောက်ရှိလာသော ဒေါ်ခင်ခင်ထက်
နုညံပျော့ပျောင်းသော ဆိုဖာပေါ်တွင် ခြေချိတ်ထိုင်နေသည့် ဒေါ်ခင်ခင်ထက်မှ မိမိရဲ့ဘယ်ဘက်ဆိုဖာပေါ်ထိုင်နေသည့်သားဖြစ်သူ၏ခေါင်းကိုကြည့်ပြီး ဒေါသများထွက်လာနေသည်။
"သား၊အမေသည်ထက်ပိုပြီး မိုးပြည့်ကြယ်ကိုသည်းမခံနိုင်တော့ဘူး"
"သားရဲ့ခေါင်းကိုလဲကြည့်ပါအုံး"
"စီးဟွားရေးလောကမှာ ဘယ်သူမှခေါင်း မော့မကြည့်ရဲလောက်အောင် အာဏာရှိတဲ့ မာန်ကုမ္ပဏီ
ရဲ့ CEOကို သူ့လိုအဆင့်မရှိတဲ့ကောင်က ခေါင်းခွဲရဲတယ်တဲ့ ကြားမှကြားကောင်ရဲ့လား""အမလေး ဘုရားရေး နတ်မင်း၊သကြားမင်းတွေက တပည့်တော်မကို ဘယ်လိုသမက်မျိုးများပို့ပေးလိုက်တာပေလိပ်"
"အမေ.. ကြယ်ကလေးကိုအဲလိုမပြောပါနဲ့ဗျာ"
"ဟမ်..အမေက အဲလိုမပြောတော့ဘယ်လိုပြောရမလဲ အမေက သူကိုငါ့သားခေါင်းကိုခွဲပေးလို့ ကျေးဇူးတင်ပါတယ် ပြောရမလား"
"အမေ၊အမေအထင်တွေ လွှဲနေပါပြီ ကြယ်ကလေးက ဒေါသထွက်လို့ လုပ်မိတာပါ ပုံမှန်အချိန်ဆို သဘောကောင်းပါတယ် အမေဘယ်အချိန်ကတည်က အရမ်းအဆိုးမြင်တတ်တာလဲ"
"ငါရိုက်လိုက်ရ သည်ကလေးနယ်"
အဲဒါတာကြည့် သူမသားက မိုးပြည့်ကြယ်ကို ဘယ်လောက်ထိချစ်လဲဆိုတာ ကျန်တဲ့အချိန်ဆို ခံမပြောတတ်တဲ့ ကလေးက သမက်ဖြစ်သူကြောင့် သူမကိုပင် ခံပြောနေပြီဖြစ်၏။သမက်ဖြစ်သူသည်လောက်ထိ လုပ်သွားတာတောင် ရှေ့ကနေကာပြီး ပြောပေးနေသည်။
"ဟူး ဘုရား ဘုရား သည်ဒကာမတော့ သမက်ကြောင့် အသက်တိုတော့မှာပဲ"
"အမေ..."
"ဟုတ်ပါပြီ ဟုတ်ပါပြီ အမေမပြောတော့ဘူး ကျေနပ်ပြီးလား"
" ဒါနဲ့ သား၊အမေဘယ်တော့ကလေးချီးရမလဲ အမေ့သူငယ်ချင်းတွေအားလုံးမြေးချီးနေရတဲ့အချိန်မှာ အိမ်ထောင်သက်တမ်းလေးနှစ်တောင်ရှိတဲ့သားက ကလေးတစ်ယောက်မှတောင်မရှိသေးဘူးတဲ့"
YOU ARE READING
WHY (U+Z)