Uကလေးတစ်ယောက် နှင်းဆီပန်းတစ်ပွင့်လာပေးတော့ မိုးပြည့်ကြယ်တောင် ဘာမှမပြောရသေးခင်မှာပင် ကလေးလေးက ချက်ချင်းပြေးထွက်သွားသည်။
နှင်းဆီနှင့်အတူချည်းထားသည့် စာရွက်ကို မိုးပြည့်ကြယ်ဖတ်ကြည့်လိုက်တော့ စာရွက်ထဲတွင်ရေးထားသည်က
'Happy birthdayပါ မွေးနေ့မှာပျော်ရွင်ပါစေ'
ထို့သို့ ရိုးရိုးရှင်းရှင်းသာ ရေးထားပြီး ဝိုင်းစက်နေသည့် လက်ရေးကိုကြည့်ပြီးနောက် သည်နှင်းဆီဟာ ဘယ်သူပို့သလဲဆိုတာ မိုးပြည့်ကြယ်ချက်ချင်းသတိထားမိကာ မှန်ကနေတဆင့် အပြင်ကိုကြည့်လိုက်တော့ အနောက်တိုင်းဝတ်စုံအပြည်နဲ့ လူတစ်ယောက်၏ နောက်ကျောပြင်ကိုတွေ့လိုက်သည်။ထိုသူဟာ မိုးရေထဲတွင် ထွက်သွားတာကို မိုးပြည့်ကြယ်ငေးကြည့်နေရင် လက်ထဲက စာရွက်ကိုလဲ စုတ်ဖြဲလိုက်သည်။
ပြဲသွားသည့် စာရွက်နှင့်နှင်းဆီပန်းကိုလဲမိုးပြည့်ကြယ် အမှိုက်ပုန်းထဲထည့်လိုက်သည်။
。。。。。。。。。。。。。
မနက်နိုးနိုးချင် သူဌေးဖျားနေသည်ဆိုတဲ့သတင်းကြောင့် ဇော်ဇော်ပိုင်လင်းစိတ်အတော်လေး ညစ်နေရ၏။သူဌေးဖျားပြီးဆိုရင် အလုပ်အားလုံး မိမိခေါင်းပေါ် 'ပလုံး 'ဆိုပြီး အလုပ်များပိမည်ကို တွေးကာ မိမိကိုယ့်ကိုကိုယ် သေတွင်းထဲသာ ဝင်ချင်စိတ်ပေါက်တော့သည်။
နေ့လယ်၂နာရီထိုးတော့ လက်မှတ်ထိုးစရာကျန်နေသည့် စာရွက်ကိုဇော်ဇော်ပိုင်လင်းသူဌေးအိမ်ထိ လာပို့ရင် သူဌေးရဲ့ အခြေအနေပါ လာကြည့်လိုက်သည်။
အခန်းတံခါးကို ဖွင့်လိုက်တော့ သူဌေးက အိပ်ရာပေါ်မှာလှဲကာ လက်ကလဲနဖူးပေါ်တင်ရင် တစ်ခုခုကို တွေးတောနေသည်။
"သူဌေး လက်မှတ်ထိုးရမယ့် စာရွက်ကစားပွဲပေါ်တင်ထားလိုက်ပြီ သူဌေးကျွန်တော့်ကို ခိုင်းစရာများရှိသေးလား"
"ရှိတော့မရှိပေမယ့် ငါတွေးနေတာ တစ်ခုရှိတယ်"
"ဟုတ်ကဲ့ ပြောပါသူဌေး ကျွန်တော်လုပ်ပေးနိုင်တာရှိရင် ကျွန်တော်ချက်ချင်းလုပ်ပေးပါမယ်"
YOU ARE READING
WHY (U+Z)