U
.
"ရေ...ရေသောက်ချင်တယ်""နိုးလာပြီးလား ကြယ်ကလေး"
"ဖြေးဖြေး..ဖြေးဖြေးထ"
မိုးပြည့်ကြယ်ရဲ့ အနောက်ကို နုညံသော ခေါင်းအုံထားလိုက်ပြီး မိုးပြည့်ကြယ်ကို မှီစေပြီးနောက် မာန်ရေခွက်ထဲကို ရေထည့်လိုက်ပြီး မိုးပြည့်ကြယ်ကို သောက်စေသည်။
မိုးပြည့်ကြယ်ရေသောက်ပြီးနောက် ပတ်ဝန်းကျင်ဟာ ပြန်လည်တိတ်ဆိတ်သွားသည်
"ဒေါက်တာကပြောတယ် မင်းအဖျားရောရှိတယ်တဲ့"
"အင်း"
"အဲ့ဆို ကြယ်ကလေးကောင်းကောင်းအနားယူပါ ကိုယ်သွားတော့မယ်"
မာန်ထွက်သွားမယ်လုပ်တော့ မိုးပြည့်ကြယ်က မာန်ရဲ့ လက်ကို ခက်ဖွဖွလေး ဆွဲထားသည်။ထို့နောက် မာန်ကမိုးပြည့်ကြယ်ကို ကြည့်လိုက်တော့ ပြိုတော့မည်မိုးလို မိုးပြည့်ကြယ်ရဲ့ မျက်နှာဟာ မျက်ရည်များကျချင်နေသည်။
"မင်းဘယ်သွားမလို့လဲ"
မိုးပြည့်ကြယ်ရဲ့အမေးကြောင့် မာန်ကုတင်ပေါ်ပြန်ထိုင်လိုက်ပြီး မိုးပြည့်ကြယ်ရဲ့ လက်တစ်ဖက်ကို လက်နှစ်ဖက်နှင့် အမြတ်တနိုးစုတ်ကိုင်လိုက်ပြီး
"ကိုယ်ကုမ္ပဏီကို ပြန်သွားမလို့"
မိုးပြည့်ကြယ်က နှုတ်ခမ်းကိုကိုက်လိုက်ပြီး ပြောသင့်မပြောသင့် စဥ်းစားလိုက်သည်။
"ကြယ်ကလေးပြောစရာမရှိတော့ရင်လဲ ကိုယ်သွားတော့မယ်"
"ခဏ၊ကျွန်တော် ပြောစရာရှိတယ်"
"အင်း ပြောလေ"
"ဟိုလေ မင်းရဲ့ projectအခိုးရတဲ့ ကိစ္စကလေ ကျွန်တော်လုပ်လိုက်တာ"
"ဒါကြောင့်.. ဒါကြောင့်ကျွန်တော်စိတ်ရင်နဲ့ တောင်းပန်ပါတယ်၊မင်းစိတ်ကျေနပ်တဲ့ အထိတောင်းပန်ဆိုလဲ ကျွန်တော်တောင်းပန်ပါမယ်"
မာန်က ဟက်ခနဲရယ်လိုက်တော့ မိုးပြည့်ကြယ်မာန်ကို စိုက်ကြည့်လာသည်။မာန်ကစိတ်အရမ်းဆိုးသွားလို့လား ဆိုတဲ့ကြောက်စိတ်များတစိုးတဆကြီးထွားလာသည်။
YOU ARE READING
WHY (U+Z)