U
.
မနက်နိုးလာတတည်းက မိုးပြည့်ကြယ်တစ်ယောက် အလုပ်မရှိသောကြောင့် အပျင်းထူးနေသည်။stareကုမ္ပဏီရဲ့ CEOသာဖြစ်သော်လည်း မိုးပြည့်ကြယ်တစ်ယောက် အလုပ်သွားရန်မလိုပေ။ထက်ဦးမာန်သာ stare ကုမ္ပဏီနောက်ကွယ်ကနေ အလုပ်လုပ်ပေးသူဖြစ်သည်။ညနေရောက်တော့
"ကြယ်ကလေး ကိုယ်တို့သွားကျတော့မလား"
မာန်နောက်ဆုံးအနေနဲ့ နာရီကိုဝတ်ပြီးနောက် မိုးပြည့်ကြယ်ကို မေးကာ ကြည့်လိုက်တော့
"အင်း ခနပြီးတော့မယ်"
အနောက်တိုင်းကုတ်အင်္ကျီအနီရောင်လေးဝတ်ဆင်းထားတဲ့ မိုးပြည့်ကြယ်ရဲ့ ဖြူဖြူဖွေးဖွေးအသားလေးပေါ် အနီရောင်များကထင်ဟက်စေပြီး လှချင်တိုင်းလှနေသည့် မိုးပြည့်ကြယ်ရဲ့အလှတရားကို မာန်ငေးမောကာကြည့်နေမိသည်။
မျက်နှာဖွေးဖွေးရဲ့အပေါ်မှာ သဘာဝအလှတရားလေးရဲ့အလှလေးနဲ့ အလှဆင်းနေသည့်ကျွန်တော့်ရဲ့ ချစ်ရသူ၊မကြီးလွန်းမသေးလွန်းတဲ့ မျက်လုံးများရဲဲ့ အပေါ်မှာမျက်ရစ်ကလေးအပြင် မျက်တောင်ရှည်ရှည်လေတွေကပါ အလှဆင်းထားလေသည်။နှာတံဆင်းဆင်းကလေးရဲ့ အောက်တွင်တည်ရှိနေသည့် အသည်းပုံနှုတ်ခမ်းများဟာ အရောင်မဆိုးပဲနဲ့သဘာဝအတိုင်း ပန်းနုရောင်သန်းနေပြန်တော့ ကျွန်တော်စိတ်ထဲတွင် 'ခက်လှချည်ရဲ့ မင်းရဲ့အလှတရားဟာ ပြင်ဆင်စရာမလိုပဲနဲ့ကို ပြီးပြည့်စုံလွန်းတယ်'
'မင်းရဲ့သဘာဝလှပနေတဲ့ နှုတ်ခမ်းနဲ့တင် ကိုယ့်ကိုသတ်လို့ရပြီး မင်းက ဘာလေးလဲ၊ဒါမှမဟုတ်မင်းဟာကိုယ့်ကို တိတ်တဆိတ်သတ်နေတဲ့ စေမင်းတမာန်လေးလား'
မာန်တစ်ယောက် အတွေးလွန်းကာ စိတ်ထဲတွင်အပြောချင်းဆုံးသော စကားများဟာလဲ မာန်သတိမထားဘဲနဲ့ပင် ထွက်ကျလာသည်။
"မင်းအရမ်းလှတယ်"
"တကယ်လား ငါကလှတယ်ဆိုတာ"
မိုးပြည့်ကြယ်ပြုံးပြီး စကားကောင်းကောင်းပြောလာတော့ မာန်တစ်ယောက် အံ့အားသင့်ကာ စကားပင် ဆက်မပြောနိုင်တော့ပေ။
"ဟမ် ငါပြောတာကြားလာ မာန်"
ဟမ်ဆိုပြီး မာန်အရှေ့လျှောက်လာကာရပ်နေသည့် မိုးပြည့်ကြယ်ရဲ့ ရေမွှေးအနံကလေးနဲ့တင် မာန်ရဲ့ နှလုံးသားကို အရူးအမူးပြုစားနေပြန်သည်။
YOU ARE READING
WHY (U+Z)