Ch-8

451 20 5
                                    

U
.
ပြဿနာရှာရန် နည်းနည်းကလေးသာ ကျန်တော့သည့် သူဌေးကိုဇော်ဇော်ပိုင်လင်း ပါတီထဲကနေ မနည်းခေါ်ထုတ်လိုက်ရသည်

အိမ်ရောက်တော့

"ကားကို ဂိုဒေါင်ထဲထည့်ပြီးရင် မင်းပြန်လို့ရပြီ"

ထိုစကားသာပြောပြီး ထွက်သွားသောသူဌေးရဲ့ နောက်ကျောပြင်ကိုကြည့်ပြီး ဇော်ဇော်ပိုင်လင်း သူဌေးအတွက်စိုးရိမ်နေသည်။

"အားလုံး မီးအကုန်ပိတ်ပြီး ကိုယ့်နေရာကို သွားကျတော့"

"ကျွန်တော်အနားယူချင်နေပြီ ကြီးကြီး"

"ဟုတ်ပြီး သခင်လေးကောင်းကောင်းအနားယူပါ"

ကြီးကြီးက လက်ခုတ်တစ်ချက်တီးကာ အချက်ပြလိုက်တော့ အလုပ်သမားတွေ ကိုယ့်နေရာကိုသွားကာ မီးပိတ်ရျ် ကိုယ့်အိပ်ခန်းဆီ ပြန်သွားကျသည်။

မာန်အခန်းထဲရောက်တော့ ရင်ထဲက ဝမ်းနည်းမှု၊နာကျင်မှု၊ဒေါသတွေကို ဖယ်ရှာချင်သောကြောင့် လသာဆောင်က စားပွဲမှာထိုင်ကာ အရက်များ တစ်ခွက်ပြီး တစ်ခွက်သောက်လေသည်။

တစ်ခွက်ပြီးတစ်ခွက်သောက်နေရင် မျက်လုံးထဲတွင် သူဟာသူမျက်ရည်များဝဲလာကာ မျက်ရည်များအဆက်မပျက်ကျလာလေသည်

"မင်းဘာလို့ ငိုနေတာလဲမာန်"

"မင်းဘယ်သူ့အတွက် ငိုနေတာလဲလို့"

မာန်လက်ထဲက အရက်ခွက်ကို ပစ်ပေါက်လိုက်သည်

"ခွမ်း "ဖန်ခွက်များ အစိတ်စိတ်အမြွှာမြွှာကွဲသွားလေသည်

"အဟင့် ဟင့် "

မျက်ရည်များကျနေသည့်ကြားက
မာန်ကောင်ကင်ပေါ်ကကြယ်ကလေးတွေကို ကြည့်လိုက်သည်။ယောကျ်ားလေးဆိုတာ ကိုယ့်ကိုပြန်မချစ်တဲ့သူအတွက် မငိုသင့်ဘူးဆိုပေမယ့် အခုကျွန်တော်မငိုပါဘူး ကျွန်တော့်နှလုံးသားက ငိုနေလို့ မျက်ရည်ကျတာပါ။

"ကြယ်ကလေးရေး မင်းကသိပ်လှသလို ရယူပိုင်ဆိုင်နိုင်ဖို့ကလဲ ခက်လှချည်ရဲ့"

"ကိုယ်မင်းကို ဘယ်လောက်ထိချစ်လဲဆိုတာ မင်းမသိဘူးလား"

"မင်းသိလာအောင် ကိုယ်ဘယ်လိုလုပ်ရမလဲ"

WHY (U+Z)Where stories live. Discover now