Ch-5

472 22 3
                                    

U
.

ပုံမှန်အိပ်ရာနိုးနေကျအချိန်ဖြစ်သောကြောင့် ထက်ဦးမာန်တစ်ယောက် အိပ်ရာကနေနိုးလာသည်

ညက စိတ်ဆိုးရင်ထွက်သွားသည့် ချစ်ရသူလေးကို မာန်တွေးလိုက်မိတော့ အိမ်ပြန်လာအိပ်ရဲ့လားဟု စိုးရိမ်စွာ မျက်လုံးများကို ကစားလိုက်မိတော့ ဆိုဖာခုံပေါ်တွင် အိပ်နေသည့် အသက်ကလေးကို တွေ့လိုက်သည်။

မာန်တစ်ယောက် မိုးပြည့်ကြယ်ကိုတွေ့ပြီးစိတ်အေးသွားသော ပုံစံဖြင့် လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။

အခန်းထဲသို့ ပတင်းပေါက်မှတဆင့် ဖြတ်ထိုးဝင်လာတဲ့ နေရောင်နှင့်အတူ အပြင်ဘက်မှ တဆင့်ကြားနေရသည့် ဌက်ကလေးအသံဟာ မနက်ခင်းရဲ့ သာယာလှပမှုကို ပံပိုးနေသယောင်

မကြာခင်မှာပင် ရေချိုးခန်းထဲက ရေကျသံလဲ ကြားရပြန်သည်

ရေချိုးသန့်စင်ပြီးနောက်တွင်ချစ်ရသူအိပ်နေတာကို ငေးကြည့်ရန် တွေးထားသော်လဲ အပြင်မှ ဆူညံသံကို ကြားလိုက်ရသည်။ဆူညံသံရှိသည့်နေရာသွားလိုက်တော့ မာန်တစ်ယောက် ဒေါသများထွက်လာစေခဲ့သည်။

"အဲတာ ဘယ်သူကွဲခိုင်းတာလဲ"

"ဟမ်းငါမေးနေတယ်လေ ငါ့သားအတွက် ဝယ်ထားတဲ့ စုဗူးကို ဘယ်သူကွဲခိုင်းတာလဲ"

"ကျွန်...ကျွန်မပါ သခင်လေး"

ကြီးကြီးရဲ့နောက်ကနေ ထွက်လာသည့် ကောင်မလေး၊ အသက်အားဖြင့် ၁၉၊၂၀သာရှိမည်ထင်၏။

"တောက်..မင်းကို ဘယ်သူသည်အခန်းထဲဝင်လာခိုင်းတာလဲ"

"လာစမ်း"ဆိုပြီး ကောင်မလေးရဲ့လက်ကို ဆွဲကာ အခန်းအပြင်ရောက်တော့ သွန်းချလိုက်သည်။ကောင်မလေးကကြမ်းပြင်ပေါ်လဲသွားပြီး ကြောက်လွန်းကာ ငိုနေသည်

"ပြော မင်းကိုအဲ့အခန်းဘယ်သူဝင်ခိုင်းတာလဲ မင်းသည်အိမ်ရဲ့ စည်းကမ်းမသိဘူးလား "

"ဟမ်း"

"ကြီးကြီးရဲ့ အမှားပါကွယ် သားလေး၊ သည်ကောင်မလေးက မနေ့မှ သန့်ရှင်းရေးအနေနဲ့ဝင်လာတာဆိုတော့ သည်အိမ်ရဲ့ စည်းကမ်းကိုဘယ်သိမလဲ"

WHY (U+Z)Where stories live. Discover now