Ch12

469 19 2
                                    

U
.

နှစ်ရက်လောက်တောင် အဆက်အသွယ်မလုပ်ခဲ့တဲ့ ခွန်ထက်မိုးကို မိုးပြည့်ကြယ် ဒေါသထွက်မိသည်။ချစ်သူသက်တမ်း တစ်လျှောက်ခွန်ထက်မိုးကို ဝမ်းနည်းတာတွေ၊စိတ်ကောက်၊စိတ်ဆိုးတာတွေရှိပေမယ့် အခုလိုမျိုး ဒေါသတော့မထွက်ခဲ့ဖူးပေ။ခွန်ထက်မိုးဆီက အကြောင်းပြချက်ကို ကြားချင်ခဲ့ပေမယ့် အခုထက်ထိ ခွန်ထက်မိုးကို ဆက်သွယ်ရျ်မရခဲ့ပါ။

မနက် ၈နာရီထိုးတော့ မိုးပြည့်ကြယ်နှင့် ထက်ဦးမာန်တို့ အတူထမင်းဖြစ်ခဲ့သည်။ထမင်းစားနေတုန်း ထက်ဦးမာန်က ကျွန်တော်ထမင်းစားတာကိုကြည့်ပြီး စာအုပ်ထဲမှာ ဘာတွေ လက်မှတ်နေမှန်းမသိပေ။နှစ်ရက်ဆက်တိုက် ထမင်းစားနေတုန်း အဲလိုစာအုပ်နဲ့ လက်မှတ်နေတော့ မိုးပြည့်ကြယ်လဲမနေနိုင်တော့ဘဲ မေးလိုက်သည်။

"နင်ငါထမင်းစားနေတုန် စာအုပ်နဲ့ ဘာတွေ လက်မှတ်နေတာလဲ"

"ဘာမှ ထွေးထွေးထူးထူးမဟုတ်ပါဘူး ကိုယ့်ရဲ့ကြယ်ကလေးက ဘာစားရတာကြိုက်လဲဆိုတာကို ကိုယ်လိုက်မှတ်နေတာ"

လိုက်မမှတ်နဲ့လို့ပြောရင်လဲ မရမှန်းသိတာကြောင့် မိုးပြည့်ကြယ်ဘာမှဆက်မပြောတော့ဘဲ စားစရာရှိတာစားလိုက်သည်။

နေ့လယ်လောက်ရောက်တော့ အိမ်မှာတစ်ယောက်တည်း အပျင်းထူနေတုန်း ကိုကိုဆိုသောဖုန်းနံပတ်မှ ဖုန်းကောဝင်လာသည်။

မိုးပြည့်ကြယ်အရင်နေ့က အကြောင်းကိုတွေကာ ဖုန်းကိုင်ရန် စိတ်ကူးမရှိသော်လဲ ခွန်ထက်မိုးမှ ဖုန်းကိုအဆင်မပျက်ခေါ်လာသောကြောင့် ဖုန်းကိုင်လိုက်သည်။

"ဟယ်လို"

"ဟယ်လို မိုးကလေး ဖုန်းကိုင်လို တော်ပါသေးတယ်။မိုးကလေး အခုရက်ပိုင်းအဆင်ပြေရက်လား"

"ကိုကို ဘာတွေပြောနေတာလဲ မိုးကလေးအဆင်ပြေပါတယ် ဘာမှမဖြစ်ပါဘူး။ဒါနဲ့ အကို့အသံက အသံဝင်နေသလိုဘဲ။ကိုကိုနေမကောင်းဘူးလား"

"ကိုကို ဘာမှမဖြစ်ပါဘူး။အဟွတ် အဟွတ် ကိုကို့ကို စိတ်မပူပါနဲ့"

"ချောင်းတွေသည်လောက်ဆိုးနေတာ တကယ်လဲ အဆင်မပြေဘဲနဲ့ကို"

"အဟွတ် အဟွတ် ကိုကိုသည်တစ်ခါဖုန်းဆက်တာက မိုးကလေးကိုသတိပေးချင်လို့ အဟွတ် ဟွတ်"

WHY (U+Z)Where stories live. Discover now