U
.
.
ကုမ္ပဏီမှာ အရေးကြီးကိစ္စပေါ်တယ်ပြောပြီး ထွက်သွားတဲ့ မာန်ဟာ ည၉နာရီထိုးသည့်အထိ အိမ်သို့ပြန်မရောက်သေးပေ။မာန်ပြန်မရောက်လာသောကြောင့် မိုးပြည့်ကြယ်ထိုင်လို့ကို မရသည်အထိ စိတ်ထဲတွင်မလုံမလဲ ခံစားနေရသည်။
"ငါကြောင့်များမာန်ကုမ္ပဏီမှာ ပြဿနာတစ်ခုခုပေါ်ဖြစ်လို့လား"
"သည်လိုမှန်းသိရင် ခွန်ထက်မိုးပြောတာကို မလုပ်ပေးသင့်ဘူး"
"ငါ့ကြောင့်မာန် ဒုက္ခရောက်နေပြီးထင်တယ်"
ကိုယ့်ဘက်က အမှားကြီးမှားသွားသောကြောင့် မိုးပြည့်ကြယ် မာန်ကို ဖုန်းဆက်ရန်ပင် မရဲသလိုပင်ခံစားရသည်။
တီ တီ တီ
"ဟဲလို"
"ဟဲလို"
ကိုယ့်ရဲ့ ဟဲလိုရဲ့နောက်မှာ မိန်းကလေးအသံထွက်လာသောကြောင့် မိုးပြည့်ကြယ်ဖုန်းချက်ချင်းချလိုက်သည်။
"တောက် ...ကိုယ့်က ကုမ္ပဏီမှာ ပြဿနာတစ်ခုခုပေါ်လာလို့ အိမ်မပြန်လာဘူးထင်နေတာ လက်ဆက်တတ်တော့ မိန်းကလေးတွေနဲ့ ပျော်ပါးနေတာကို"
"ပါးစပ်ကသာ ချစ်တယ်ချစ်တယ်နဲ့ အဲ့တာကြောင့် ချမ်းသာတဲ့သူတွေကို မယုံကြည်တာ"
"ချမ်းသာတဲ့သူတွေက တာဝန်ယူတတ်တဲ့စိတ်မရှိဘူး ၊ရှေ့မှာသာချစ်တယ် ချစ်တယ်နဲ့ နောက်ကွယ်မှာကျ ဖောက်ပြန်တတ်တဲ့ အကောင်တွေကြီးပဲ"
"မင်းလဲ ငါ့အဖေအရင်းအတိုင်းပဲ ထက်ဦးမာန်၊အဲ့ကြောင့် ငါနင့်ကို မုန်းတာ"
လွန်းခဲ့သော ၁၆နှစ် မိုးပြည့်ကြယ် အသက်၁၀နှစ်
တိုက်ခန်းသေးသေးလေးထဲသို့ မိုးပြည့်ကြယ်ကျောင်းဖြူကျောင်းစိမ်းနဲ့ အိမ်ပြန်ရောက်ရောက်ချင်း မိခင်ဖြစ်သူရဲ့ ဆောင့်ကန်ခြင်းခံလိုက်ရသောကြောင့် မိုးပြည့်ကြယ်မြေပြင်ပေါ်သို့ ပစ်လဲသွားသည်
မြေပြင်ပေါ်သို့ လဲသွားသည် မိုးပြည့်ကြယ်ဟာ မိခင်ဖြစ်သူ၏ ခြေထောက်နှင့်ကန်ခြင်းကို ထက်မှန်းခံရသည်
ဘုတ် ဘုတ် ဘုတ်
"အ၊အိ အီး...ဟီး..."
"မင်းစောက်ပါးစပ်ကို ပိတ်ထား မိုးပြည့်ကြယ်"
YOU ARE READING
WHY (U+Z)