"ဘာ..."
"ဟုတ်တယ် ကျွန်တော်ကြယ်ကုမ္ပဏီကို ခွန်ထက်မိုးကို လွဲပေးချင်တယ်"
"ဘယ်လို..အခု ကြယ်ကလေးဘာတွေပြောနေတာလဲဆိုတာရောသိရဲ့လား"
"ကျွန်တော် သိတယ်"
"သိတယ်ဆိုရင်ရော ဘာကြောင့် ကြယ်ကုမ္ပဏီကိုပေးမလဲ။အဲ့ကုမ္ပဏီက ကိုယ့်တို့နှစ်ယောက်ရဲ့ နှစ်ပတ်လည်အနေနဲ့ ကိုယ်အဲ့ကုမ္ပဏီကို ကြယ်ကလေးအတွက်တည်ထောင်ထားတာလေ"
"ကျွန်တော်သိတယ်လို့ ပြောနေတာလေ။မင်းက ငါ့အတွက်တည်ထောင်ပေးထားတော့ အခုငါ့ဟာဖြစ်ပြီလေ အဲ့တော့ကျွန်တော် ဘယ်သူ့ကိုပေးချင်တဲ့သူကို ပေးမှာပေါ့"
"မင်းနည်းနည်းလေမှ ဘာမှမခံစားရဘူးလား။ဒါက ကိုယ်တို့နှစ်ယောက်ရဲ့ နှစ်ပတ်လည်အနေနဲ့ ထောင်ထားတဲ့ ကုမ္ပဏီကွ။မင်းဘာလို့လွယ်လွယ်ပြောထွက်နိုင်ရတာလဲ။အဲ့ကုမ္ပဏီက ကိုယ့်အတွက်အရမ်းအရေးပါတယ် ဆိုတာရောသိရက်လား"
"မင်းဟာနေဘာဖြစ်ဖြစ်ကွာ ငါစိတ်မဝင်စားဘူး။ငါအခုလိုချင်တာက ကုမ္ပဏီလွဲပေးကြောင် အတည်ပြုထားတဲ့ လက်မှတ်ဘဲလိုချင်တာ"
"ငါမင်းကို ဘာလိုပြောရမလဲ၊ဘယ်လိုရှင်းပြရမလဲဆိုတာမသိတော့ဘူး။ကိုယ်မင်းကို တစ်ချိန်လုံးချစ်ခဲ့တယ်။မင်းအတွက် ကိုယ်တစ်ခါမက မျက်ရည်ကျခဲ့ရတယ်။အဲတာလဲကိုယ် ဗွေမယူဘူး။လေးနှစ်လုံးလုံး ကိုယ်မင်းခွင့်ပြုချက်မရဘဲ မင်းလက်တောင် ကိုယ်မကိုင်ခဲ့ဘူး။မင်းလိုချင်တာ၊မင်းလုပ်ချင်တာလဲ ကိုယ်လုပ်ခွင့်ပေးတယ်။ကိုယ်မင်းကိုလွတ်လပ်မှုတွေ ပေးတယ်။မင်းကလေးပျက်ကျတုန်းကလဲ ကိုယ်မင်းကို အပြစ်မတင်ခဲ့ဘူး။ကလေးပျက်ကျတာ ဒါဟာကလေးကကိုယ်နဲ့ မထိုက်တန်းသေးလို့ဆိုပြီး ကိုယ်ကို့ရဲ့အတွေးကို ဖြည့်တွေးခဲ့တယ်။ကိုယ်မင်းကိုလဲ တစ်ခါမှ စိတ်မဆိုးခဲ့ဖူးဘူး။ဒါတောင် ကိုယ်မင်းအပေါ်မကောင်းနိုင်သေးဘူးလား။ကိုယ်အချစ်ကအခုထိမင်းအတွက် မမြင်ရသေးလို့လား"
"....."
"မင်းပြောပါအုံး မင်းကိုယ့်ကို သည်တသက်မချစ်နိုင်တော့ဘူးလား"
YOU ARE READING
WHY (U+Z)