Episode(1)

417 42 3
                                    


ပြုစုပျိုးထောင်ရမည့် တာဝန်

"အကန်းမ"

"မကောင်းဆိုးရွားမ"

"နင်က အရမ်းရုပ်ဆိုးတာပဲ ငါတို့နဲ့လာမဆော့နဲ့"

နွေးထွေးသောနေအလင်းတန်းတို့က ခပ်အုပ်အုပ်မက်မွန်ပွင့်ချပ်တို့အကြားမှ ဖိတ်စင်ကျရောက်လို့နေ၏။ရှစ်နှစ်ကိုးနှစ်အရွယ် ကလေးတစ်သိုက်မှာဝိုင်းပတ်ကာရပ်နေကြပြီး သူတို့၏အလယ်သို့ကျောက်တုံးများဖြင့်ပစ်ပေါက်နေကြလေသည်။

အလယ်တွင်ပိတ်လှောင်ခံထားရသူသည်ကား ငယ်ရွယ်သည့်သူဖုန်းစားလေးတစ်ယောက်..

အမာရွတ်အထပ်ထပ်ဖြင့် ပိန်လှီလို့နေသည့်သူမလေး၏ကိုယ်ပေါ်တွင် ပြာနှင့်မီးခိုးရောထားသောမှုန်မှိုင်းမှိုင်းအဝတ်တစ်စုံကို ဝတ်ဆင်လို့ထားသည်။ညစ်ပတ်ပေရေနေသော သူမလေး၏မျက်နှာပေါ်ဝယ် ထင်ရှားသည့်မျက်ဝန်းလှလှလေးတစ်စုံရှိပါသော်လည်း အနှီမျက်ဝန်းတို့ကမူ မျက်မမြင်တစ်ဦးနှယ်ခံစားချက်အရိပ်အယောင်လေးတစ်ခုကိုပင် ပြသနေခြင်းမရှိခဲ့ပါ။

သူဖုန်းစားလေးက ဒဏ်ရာရထားပြီး ကျောက်ခဲများရန်မှကာကွယ်ရန် သူ့လက်ကိုမြှောက်ထားရလေသည်။သို့သော် ထိုလမ်းလွှဲသွားသည့်ကျောက်ခဲတစ်လုံးမှ အနီးနားတွင်ဝန်းရံနေသောကလေးမလေး၏ အကောင်းစားဝတ်စုံပေါ်သို့ထိမှန်သွားလိမ့်မည်ဟု မည်သူကတွေးမိပါ့မလဲလေ။

"အာ့"

ကလေးမလေးက အော်ဟစ်ငိုယိုလိုက်ပြီးနောက် ချက်ချင်းဆိုသလို ရန်တွေ့တော့သည်။

"နင့်လိုယုတ်ညံ့တဲ့ သူတောင်းစားကများ..ငါ့ကိုအနိုင်ကျင့်လို့ရတယ်လို့ ဘယ်သူအခွင့်ပေးလိုက်သလဲ!"

သူမက ချွန်ထက်သည့်ကျောက်ခဲတစ်လုံးကိုကောက်၍ ထိုသူဖုန်းစားငယ်၏ခေါင်းသို့ချိန်ရွယ်ကာ တအားပစ်မည်အပြု ပါးလျသည့်ဓားရှည်တစ်ချောင်းမှအချိန်မီ ဝင်ရောက်ကာဆီးလို့လာ၏။

"အငြိုးကြီးလှချည်လား ကလေးမရဲ့။မင်းရဲ့ကျောက်ခဲကြောင့် သူသေသွားနိုင်တယ်ဆိုတာရော သိရဲ့လား"

နွေဦးရာသီကဲ့သို့ကြည်လင်၍ နှစ်လိုဖွယ်နူးညံ့ချိုသာလှသည့်အသံလေးကို အားလုံးကြားလိုက်ရသည်။ကလေးမသည် အသံလာရာသို့မျှော်ကြည့်သောအခါ မက်မွန်ပင်အားမှီလျက်ရှိသည့် ဆယ့်ရှစ်၊ဆယ့်ကိုးအရွယ် မိန်းမပျိုလေးတစ်ယောက်ကိုတွေ့လိုက်ရသည်။

ငါ့ကိုကျီစားချင်နေတဲ့ တပည့်ကျော်(ဘာသာပြန်)Where stories live. Discover now