Episode(9)

151 21 1
                                    


ကြီးမားသည့်အနှောင့်အယှက်နှင့် ကြုံရခြင်း

ယွဲ့ချင်းဖုန်းမှ

"ထားပါတော့ သိပ်လည်းအရေးကြီးနေတာမဟုတ်ဘူး။ဖြစ်လာမလာက ဒီတိုင်းစောင့်ကြည့်ရအုန်းမှာ။ရှစ်မေ့ကိုမှာချင်တာက တပည့်တစ်ယောက်မွေးတဲ့နေရာမှာ သိပ်အလိုမလိုက်သင့်ဘူးဆိုတာပဲ။သူကဒီအသက်အရွယ်တောင်ရောက်နေပြီကို သူ့ဟာသူသင်ယူဖို့လွှတ်ထားသင့်တယ်။ဆရာအနားမှာပဲ တစ်ချိန်လုံးခေါ်ထားတာက သူ့ရဲ့တိုးတက်နှုန်းကိုအထောက်အကူပြုမှာမဟုတ်ဘူး။ရှစ်ရှုန်းပြောတာကို နားလည်ရဲ့လား?"

တိကျိုးဖုန်း ခေါင်းညိတ်ပြလိုက်ရင်း

"ကျွန်မနားလည်ပါတယ်။ကလေးမက ဒီနေရာကိုပထမဆုံးရောက်ဖူးတာဖြစ်လို့ အကုန်လုံးကိုမသိနားမလည်သေးဘူးလေ ဒါနဲ့ ကျွန်မလည်းမလုပ်.."

"ဘာကိုမလုပ်နိုင်ရတာတုန်း မင်းရဲ့တပည့်ကတောထဲတောင်ထဲမှာ နေခဲ့တာနော်။ဒီလိုကိစ္စတွေအပေါ် သူကဂရုစိုက်နေမှာတဲ့လား ကျိုးဖုန်း..."

ယွဲ့ချင်းဖုန်းသည် အကြောင်းရင်းတစ်ချို့ကြောင့်မျက်ခုံးတန်းတို့တွန့်ချိုးလာသည်အထိ စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့သည်။ပြီးမှ တည်ငြိမ်သည့်လေသံဖြင့်

"မင်း လမ်းမှားကိုရောက်မသွားစေဖို့ ရှစ်ရှုန်းဆုတောင်းပေးလိုက်တယ်!"

သူ၏ဝတ်ရုံလက်ကိုဖျတ်ခနဲလွှဲရမ်းလိုက်ပြီးသော် အူကြောင်ကြောင် တိကျိုးဖုန်းနှင့် သုန်မှုန်နေသည့် နင်းကွမ်တို့ကိုအနောက်တွင်ချန်ရစ်ကာ ပြတင်းမှတစ်ဆင့် ပြန်ထွက်သွားတော့သည်။

ထိုရှစ်ရှုန်းဆိုသောပုဂ္ဂိုလ်မှာ တစ်နေရာမှပေါက်ချလာပြီး သူ့ရှစ်ဖူအရှေ့မှာပင် မိစ္ဆာအမှတ်အသားကိုချက်ချင်းဖုံးပေးသွားသလို သူ့ကိုသီးသန့်လွှတ်ထားပေးဖို့ရှစ်ဖူထံ ပေါ်တင်တစ်မျိုးသွယ်ဝိုက်၍တစ်ဖုံအကြံပေးကာ သူ့ကိုအနှောင့်အယှက်ပေးသွားသေးသည်။

အာ ဘယ်လိုဖြစ်နိုင်မှာလဲ?ဒီလိုကိစ္စမျိုးတော့ နင်းကွမ်ဘယ်တော့မှအဖြစ်ခံမည်မဟုတ်!

နင်းကွမ် စိတ်တွင်းမှကြိတ်ကာ သရော်လိုက်ပြီး ဆရာသခင်အားဆွဲကိုင်ထားသည့် လက်နှစ်ဖက်ကိုပို၍အားထည့်လိုက်သည်။သူမခေါင်းလေးကိုငုံ့ကာ မျက်လွှာချလျက် ရှည်လျားနူးညံ့သည့် မျက်တောင်တို့မှ တဖျတ်ဖျတ်လှုပ်ခတ်နေပုံမှာ အတောင်ကျိုးသည့် လိပ်ပြာငယ်လေးမျောလွင့်လာသည့်နှယ်သနားကရုဏာသက်စရာဖြစ်နေလေသည်။ဤသို့စိတ်ပျက်လက်ပျက်ဟန်ပန်ဖြင့် ငိုကြွေးရင်း

ငါ့ကိုကျီစားချင်နေတဲ့ တပည့်ကျော်(ဘာသာပြန်)Where stories live. Discover now