Episode(8)

115 19 0
                                    

ပြောမထွက်သည့် စကားတစ်ခွန်း

ပြတင်းတံခါးမှရုတ်တရက်ချိုးဖျက်ဝင်ရောက်လာသည့် အဆိုပါပုံရိပ်ကြောင့် တိကျိုးဖုန်းမှာသေမတတ်လန့်ဖျန့်သွားရသည်။အလိုအလျောက် သူမ၏ဟုန်ရှင်းဖြင့်ထိုးသွင်းလိုက်သော်လည်း တစ်ဖက်ပုဂ္ဂိုလ်၏ဝိညာဉ်စွမ်းအားတို့က ဒိုင်းသဖွယ်ကာဆီးထားရာ ဝတ်ရုံအစအနသို့သာပွတ်တိုက်သွားခဲ့သည်။

"ကျိုးဖုန်း အစ်ကိုပါ..စိုးရိမ်စရာမလိုဘူး"

လက်ချောင်းတို့ကတိကျိုးဖုန်း၏လက်ကောက်ဝတ်ပေါ်သို့ အုပ်ကိုင်ကာ သူမ၏လက်သီးဆုပ်အတွင်းမှဓားရှည်ကိုဆွဲထုတ်သွားသည်။

"မင်းကို ကူဖို့လာခဲ့တာ။ဒီနေရာတစ်ဝိုက်ကို အစ်ကိုစည်းချပြီးသွားပြီ စိတ်အေးအေးထားနော်"

သူက တိကျိုးဖုန်းထံ ဓားရှည်ကိုပြန်ကမ်းဖို့ပြင်လိုက်ပြီး တပည့်ဖြစ်သူအားတစ်ကိုယ်တည်း ကာကွယ်နေသည့်ဆရာတူညီမလေးကိုကြည့်ရင်း ဓားပြန်သိမ်းထားဖို့လည်းချီတုံချတုံဖြစ်နေပြန်သည်။ယွဲ့ချင်းဖုန်းမှ စကားထပ်ပြောရန်ပြင်လိုက်စဉ် သူ့တစ်ပတ်လည်ရှိ ယင်စွမ်းအင်များမငြိမ်မသက်ဖြစ်လာသည်ကိုခံစားလိုက်ရသည်။

ဟမ့်ခနဲ နှာမှုတ်လိုက်ပြီး ခေါင်းကိုနှိမ့်လျက်နင်းကွမ်ကိုစိုက်ကြည့်ကာ

"ဟမ့် ယုတ်ညံ့တဲ့စရိုက်ကတော့ ဘယ်တော့မှမပြောင်းဘူးပဲ!"

ခဏတိတ်နေပြီးမှ သူဆက်ပြောလာသည်။

"ဒါပေမယ့်လည်း တော်သေးတာက မင်းရဲ့ရိုးတွင်းခြင်ဆီရောက်တဲ့အထိမဆိုးဝါးသေးပဲ ကျေးဇူးတရားကိုတော့နားလည်နိုင်သေးလို့။မင်းရဲ့ဆရာသခင်အပေါ် အခုလိုကာကွယ်ပေးချင်နေတဲ့ပုံစံကိုတွေ့လိုက်ရတဲ့အတွက် ဒီနေ့တော့ ငါမင်းကိုအသက်ချမ်းသာပေးလိုက်မယ်။ဒီနားလာခဲ့ အဲ့ဒီလူအိုကြီးချန်းဆွေ့လက်ကနေလွတ်အောင် မင်းကိုဖုံးပေးလိုက်မယ်"

သူကနင်းကွမ်ဆီသို့ လက်ကမ်းပေးလိုက်ပြီး ဒီတစ်ကြိမ်တွင်တော့ ယွဲ့ချင်းဖုန်းတစ်ယောက် သူမအားတကယ်ကူညီပေးဖို့ ရည်ရွယ်ထားဟန်တူသည်။

ငါ့ကိုကျီစားချင်နေတဲ့ တပည့်ကျော်(ဘာသာပြန်)Where stories live. Discover now