Episode(6)

135 19 0
                                    


အလွတ်ခုခံရေးဗျူဟာ..

ချန်းဆွေ့ကျန်းရန်(တာအိုအဘိုးအို)သည် သူ့လက်တွင်းရှိစိတ်သန့်စင်ခြင်းခေါင်းလောင်းမှ ပို၍မြန်မြန်လှုပ်ရမ်းလာလေ ယခင်ကထက်စိတ်အားတက်ကြွလာလေဖြစ်တော့၏။

ခေါင်းလောင်းမှာ ထိပ်တန်းနတ်ဝိညာဉ်အဆင့်ပစ္စည်းတစ်မျိုးဖြစ်ကာ ရှဲ့လိ(ဘုရားစာ)အမျိုးပေါင်းများစွာကို လွှင့်ထုတ်ပေးနိုင်စွမ်းရှိသည်။နင်းကွမ်သည် မိခင်ဗိုက်ထဲမှပင်စတင်ကျင့်ကြံနိုင်လျှင်တောင် ဤသို့တစ်ချက်ပြီးတစ်ချက် တိုက်ခိုက်သည့်ဒဏ်ကိုမကာကွယ်နိုင်ပေ။

တိကျိုးဖုန်းသည် စိတ်ပူနေရာမှ အလွန်အမင်းစိတ်ဆိုးသည့်အခြေအနေသို့ ကူးပြောင်းသွားတော့သည်။

"အသက်ကြီးသလောက် အချိန်မစီးတဲ့သက်ကျားအိုကြီးရဲ့ ငါ့ကိုဒီလောက်မကျေနိုင်မချမ်းနိုင်ဖြစ်နေရင်လည်း မျက်နှာချင်းဆိုင်လာတိုက်လှည့်လေ ဘာမှမသိတဲ့ကလေးကိုဒုက္ခပေးနေတာ မရှက်ဘူးလား?"

တိကျိုးဖုန်းမှ သိမ်မွေ့သည့်အသံနှင့် လှမ်းအော်လိုက်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် သူ့ကိုယ်ပိုင်ဓားကိုအသင့်ပြင်လိုက်သည်။သူမသည် နတ်ဝိညာဉ်အလယ်ပိုင်းအဆင့်သာရှိသေးသော်လည်း သည်အတိုင်းငြိမ်ခံမနေနိုင်သဖြင့် သူမ၏အဆင့်မြင့်ဝိညာဉ်ဓား ဟုန်ရှင်းကိုလွှဲရမ်းလိုက်တော့သည်။မမျှော်လင့်စွာပင် နတ်ဝိညာဉ်စက်ဝန်း နောက်ဆုံးအဆင့်သို့ရောက်နေပြီဖြစ်သော ချန်းဆွေ့ကျန်းရန်အားဓားတစ်ချက်စာဖြင့်ပင် အနောက်သို့ခြေလှမ်းအတော်များများဆုတ်သွားသည်အထိ ဖိအားပေးနိုင်ခဲ့သည်။

အဆင့်နိမ့်ကျင့်ကြံသူထံတွင် မရှုမလှတိုက်ခိုက်ခံလိုက်ရသောကြောင့်သည်းမခံနိုင်တော့ပဲ သူ့မျက်နှာတစ်ခုလုံးဖြူလျော်သွားကာ အထိန်းအကွပ်မရှိစတင်ပြောဆိုပါတော့၏။

"ဒီညစ်ပတ်တဲ့မြေခွေးမကတော့ တကယ်ကိုအနေအထိုင်မတတ်ဘူးပဲ..ဂိုဏ်းထဲကအခြားသူတွေနဲ့ ရှုပ်ရှုပ်ထွေးထွေးနေထိုင်တာကို ငါ့ဖက်ကသည်းခံနေသေးတယ် ဒီနေ့တော့ ညစ်ပတ်တဲ့ကပ်ဆိုးကောင်ကိုပါ ဂိုဏ်းထဲသွင်းလာတယ်လေ..မိစ္ဆာကိုလက်သင့်ခံဖုံးကွယ်ပေးထားတာက ကြီးလေးတဲ့ပြစ်မှုမြောက်တယ်ဆိုတာ မင်းသိမှာပါ..မလွဲမသေ မင်းကမိုးကြိုးပစ်ဒဏ်ကိုခံစားရမှာပဲ!"

ငါ့ကိုကျီစားချင်နေတဲ့ တပည့်ကျော်(ဘာသာပြန်)Where stories live. Discover now