Episode(5)

143 18 0
                                    


ရွေးချယ်မှု

နင်းကွမ်အတွက်မူ တိကျိုးဖုန်းသည်ကား အပြစ်ကင်းဖြူစင်လှသလိုသူမရှေ့မှောက်သို့ မိစ္ဆာတစ်ဦးတစ်လေမျှပင်ထွက်မလာဝံ့သည်အထိ နတ်ဘုရားကဲ့သို့ တည်ရှိမှုမျိုးဖြစ်တော့သည်။မိစ္ဆာကျင့်ကြံရေးလမ်းစဉ်မှာ မည်သို့ပင်ခက်ခဲကြမ်းတမ်းပါစေ နင်းကွမ် မမှုပါလေ.. သို့သော် သူမ စိုးရွံ့နေမိ၏။တစ်နေ့တွင် သူ၏တပည့်လေးမှာဤသို့သော မကောင်းဆိုးဝါးမိစ္ဆာတစ်ကောင်ဖြစ်နေခဲ့မှန်း တိကျိုးဖုန်းသိရှိသွားပါလျှင် အဝေးတွင်စည်းခြားလျက် သူ့အားပြုံးပြနိုင်ပါဦးတော့မလား?

နင်းကွမ်၏ခေါင်းထဲတွင် အကြောက်တရားတို့ဖြင့်ပြည့်လို့နေ၏။မသိစိတ်အရ လက်သီးနှစ်ဖက်ကိုကျစ်ကျစ်ဆုပ်မိကာ ဘေးတစ်ဖက်စီတွင်ကပ်ထားရင်း

"ဆရာ..တပည့်က မိစ္ဆာကျင့်ကြံသူဖြစ်နေတယ်။ကွမ်အာ..ကွမ်အာ မရည်ရွယ်ပါဘူး ဒါပေမယ့် ငယ်ငယ်တုန်းက တပည့်ကိုယဇ်ကောင်အနေနဲ့ သင်္ချိုင်းမှာစွန့်ပစ်ခဲ့ကြတယ်။အဲ့ဒီမှာ မရဏချီတွေဝင်ရောက်တာခံလိုက်ရပြီး ရွေးစရာမရှိပဲ မိ​​စ္ဆာကျင့်ကြံသူအဖြစ်ရှင်သန်ခဲ့ရတယ်လေ"

နင်းကွမ်၏စကားတို့မှာ ခုနစ်ဆယ်၊ရှစ်ဆယ် ရာခိုင်နှုန်းလောက်အထိတော့ မှန်ပါသည်။သူ အသက်ငါးနှစ်အရွယ်၌ သင်္ချိုင်းတွင်စွန့်ပစ်ခံခဲ့ရ၏။သို့ငြား မိစ္ဆာလမ်းစဉ်မှာမူ သူ့ကိုယ်ပိုင်ရွေးချယ်မှုသက်သက်သာဖြစ်ပြီး ကလဲ့စားချေရန်အင်အားရှာဖွေခဲ့ရုံမှလွဲ၍ အထူးတလည်အကြောင်းပြချက်မရှိပါလေ။ထို့အပြင် သူမ၏ကျိန်စာအကျိုးဆက်ကြောင့် သူ့တစ်နေ့စာကြိုးစားအားထုတ်မှုမှာ အခြားသူတို့ရက်ပေါင်းများစွာရင်းနှီးကျင့်ကြံရသည်နှင့် ညီမျှပေသည်။နင်းကွမ်သည် သူ့စိတ်တွင်းမှအကြောင်းအရာတို့အား သူ့ဆရာသခင်ထံပြောမပြဝံ့ပါချေ။ကြည်လင်သည့်မျက်ဝန်းတို့၏အောက်ခြေမှ အရိပ်တစ်ခုတိုးဝှေ့ပျောက်ကွယ်သွားကာ ခေါင်းငုံ့ရင်းပြောလိုက်သည်။

"ဆရာ မိစ္ဆာကျင့်ကြံသူဖြစ်လာဖို့ဆိုတာ တပည့်ရဲ့ဆန္ဒမဟုတ်ရပါဘူး..ဒါပေမယ့် မရဏချီတွေရဲ့တိုက်စားမှုကြောင့် တပည့်ရဲ့ခန္ဓာက အခြားနည်းလမ်းနဲ့ကျင့်ကြံဖို့ ဘယ်လိုမှမတတ်နိုင်လို့ပါ။အကယ်လို့ ဆရာကသာဒီမှော်နက်လမ်းစဉ်ကို စွန့်လွှတ်ခိုင်းမယ်ဆိုရင် ဆရာ့စကားကိုတပည့် တုံ့ဆိုင်းမနေပဲလိုက်နာပါ့မယ်..ဒါပေမယ့် ဒီတပည့်က ဆရာ့ကိုအကာအကွယ်ပေးနိုင်တော့မှာ မဟုတ်ဘူးပေါ့"

ငါ့ကိုကျီစားချင်နေတဲ့ တပည့်ကျော်(ဘာသာပြန်)Where stories live. Discover now