Episode(4)

200 26 1
                                    

ရေအတူချိုးပေးရမည့် မစ်ရှင်

မစ်ရှင်အတည်ပြုချက်window: ပရိုဂရမ်လည်ပတ်ပုံအရ ကျရှုံးမှုတိုင်းအတွက် သခင်ကတစ်ကြိမ်စီ မိုးကြိုးတိုက်ခံရပါလိမ့်မယ်။မသေနိုင်ပေမယ့် နာကျင်မှုအဆင့် တစ်ဆယ်အထိခံစားရမှာပါ။အခု မစ်ရှင်ကို လက်ခံမှာလားဆိုတာ ဆုံးဖြတ်ပေးပါ။

လက်ခံမည်-------------လက်ခံမည်

တိကျိုးဖုန်းသည် တစ်ပုံစံတည်းဖြစ်နေသည့် အဆိုပါခလုတ်နှစ်ခုကိုငေးကြည့်ရင်း တစ်ယောက်တည်းရယ်မောမိသည်။ဒီနေရာမှာ ဟန်ဆောင်ပန်ဆောင်နဲ့ ငြင်းဆိုတဲ့ခလုတ်ထားပေးပြီး နှိပ်ကြည့်လိုက်ရင်ဘာမှထူးမလာတာကမှ တော်သေးတယ်..အနည်းဆုံးတော့ သူ့ကိုယ်သူဖြေသိမ့်လို့ရသေးတာပေါ့။အခုတော့ သောက်ကျိုးနည်း ဘယ်လိုတောင်လုပ်ရက်တာလဲ?စနစ်က လုံးဝကိုမျက်နှာသာမပေးဘူးပဲ။

တိကျိုးဖုန်းမှ လက်ခံမည့်ခလုတ်ကို အလျင်စလိုမနှိပ်သေးပဲသူ့စိတ်ထဲက သရော်လိုက်သည်။ထိုအစား သူက

"နာကျင်မှုအဆင့် တစ်ဆယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ?အတိုကောက်ဆိုတော့ ငါနားမလည်တော့ဘူးလေ"

စနစ်မှ တစ်ခဏစဉ်းစားလိုက်ပြီးနောက် ရှင်းပြလာခဲ့သည်။

"ဒါဆိုရင် သည်လိုဥပမာတစ်ခုနဲ့ ပြောပြပါ့မယ်။တစ်စုံတစ်ယောက်က သခင့်အရေပြားပေါ်မှာအပေါက်ကလေးဖြစ်အောင်ဖောက်လိုက်မယ် ပြီးရင် အဲ့ဒီ့အပေါက်လေးကနေ သခင့်အရေပြားတစ်ခုလုံးကုန်တဲ့အထိ တစ်တိတိနဲ့ခွာချတာမျိုးပေါ့။အဆင့်တစ်ဆယ် နာကျင်မှုက အဲ့လောက်ထိရှိနိုင်ပါတယ်။အကယ်လို့ သခင် သေချာနားမလည်သေးဖူးဆိုရင်လေ သခင့်ကိုပဲတိုက်ရိုက် ခံစားကြည့်ခိုင်းလို့ရ..."

"တော်ပြီ ရပြီ တော်လို့ရပြီ!"

ဥပမာကြားရုံဖြင့်ပင် တိကျိုးဖုန်းမှာကျောချမ်းလာပြီး ကြက်သီးမွေးညှင်းများ ထသွားတော့သည်။သူမက ကြောက်ရွံ့မှုကြောင့် တုန်တုန်ယင်ယင်ဖြင့်ပင် စနစ်ကိုအမြန်တားမြစ်လိုက်ရသည်။

ဘာဝိညာဉ်ကူးပြောင်းစနစ်လဲ..အကြမ်းဖက်သမားဆိုတာ ဒီလောက်သိသာနေပြီကို!

ငါ့ကိုကျီစားချင်နေတဲ့ တပည့်ကျော်(ဘာသာပြန်)Where stories live. Discover now