Part 1

479 44 6
                                    

[Zawgyi]

Kim Doyoung.........။

အသက်နှစ်ဆယ့်ခုနစ်နှစ်အရွယ် လူပျိုကြီးတစ်ယောက်ဖြစ်တဲ့ ဒိုယောင်းက မိဘလုပ်စာထိုင်စားရင်း အခုတော့ဒိုရေမွန်ကြည့်နေလေရဲ့။ အဖေပိုင်တဲ့ကုမ္ပဏီမှာ အလုပ်လုပ်ပြီး အလုပ်လစ်တဲ့ရက်တွေက ခပ်များများရယ်။ တစ်လမှာ ရက်သုံးဆယ်အလုပ်လုပ်ရတယ်ထား သူအလုပ်လုပ်တဲ့ရက်က လက်ချိုးရေလို့ရတယ်။ ဒါပေမယ့်လဲ အချိန်တန်ရင်လစာကရတာပါပဲ။ အဖေ့ကုမ္ပဏီမလား။ ဟဲဟဲ။

မိဘတွေနဲ့တူတူမနေဘဲ ကွန်ဒိုမှာပဲတစ်ယောက်ထဲနေတဲ့ ဒိုယောင်းက ချစ်သူတွေကောင်မလေးတွေရှိနေလို့တော့ မဟုတ်ပါဘူး။ အိမ်မှာဆိုအပြောခံရလွန်းလို့။ အဖေ့ဆီက အပြောဆိုလွတ်အောင် အမေ့ကိုပူဆာပြီး ကွန်ဒိုတစ်ခန်းဝယ်ပြီး နေလိုက်တာ။ အဖေကို ဒေါသထွက်ပြီးသွေးမတက်စေချင်တဲ့ အလိမ္မာတုံးကြီးပေါ့နော်။ ကဲ... ထားပါ။ နောက်တစ်ခုပြောပြမယ်။

ကောင်မလေးတွေဝိုင်းဝိုင်းလည်ပြီး သမက်တော်ချင်နေတဲ့မိဘတွေ(အကြောင်းမသိသေးလို့) အများကြီးရှိနေတာတောင် သူကဘာလို့အခုထိလူပျိုကြီးဖြစ်နေလဲမေးရင် အကြောင်းပြချက်ကတစ်ခုထဲပါ။ ကောင်မလေးတွေကို သူကြိုက်တဲ့ကာတွန်းကားတွေ Manhwaတွေလောက်စိတ်မဝင်စားလို့ပေါ့။ သူ့ရည်မှန်းချက်က ဘာလဲသိလား။ Manhwa ဆွဲတဲ့ စာရေးဆရာတစ်ယောက်ဖြစ်ချင်ခဲ့တာ။ ဒါပေမယ့်လဲ အမွေဆက်ခံမယ့်သူက သူတစ်ယောက်ထဲဖြစ်နေတော့ ကုမ္ပဏီကို စိတ်မပါလဲ သွားနေရတာပါပဲ။

တစ်ဖက်က ဟန်မြစ်ကိုလှမ်းမြင်နေရတဲ့ View ကောင်းကောင်းနဲ့ကွန်ဒိုမှာနေရင်း သူကအားတဲ့အချိန်လေးမှာ အားသလို ကာတွန်းကားကြည့်လိုက် စာဖတ်လိုက်နဲ့ ဘဝကိုအရိုးရှင်းဆုံးဖြတ်သန်းနေပါတယ်။ အခုတောင် ဒိုရေမွန်ပြီးရင် ကြောင်နဲ့ကြွက်ကြည့်မှာ။ ဧည့်ခန်းထဲမှာလဲ စားထားတဲ့မုန့်ခွံတွေ ပုလင်းခွံတွေ အများကြီးကိုကျော်ခွပြီး ခေါက်ဆွဲပြုတ်ခွက်ကြီးရှေ့ချကာ ငှက်ပျောသီးစားနေတဲ့ ဒိုယောင်းက နည်းနည်းလေးတော့ ပျင်းတယ်လို့ပြောရမှာပေါ့နော်။ ပျင်းတာကလဲအကြောင်းပြချက်ရှိပါတယ်။ အမေက သုံးရက်တစ်ခါ သန့်ရှင်းရေးလုပ်ဖို့ အဒေါ်ကြီးခေါ်ပေးထားတာလေ။

ငမွှေထိုး system ကြောင့် ယောကျ်ားရသွားတဲ့ ငါလေးDonde viven las historias. Descúbrelo ahora