[Zawgyi]
Jung Jaehyun...။
ဂျယ်ဟွန်းက ကားကိုအလျင်စလိုရပ်တန့်လိုက်တယ်။ သူ့ကို ကင်ဒိုယောင်းပြောတာ ဒီနားပဲ။ အနည်းငယ်ထူနေတဲ့ခြုံနွယ်တွေကို ဖယ်ပေးလိုက်ခြင်းအားဖြင့် ဘေးနားမှာ သစ်ပင်အကြီးကြီးတွေ စီရီစွာပေါက်နေတဲ့ လမ်းကျဉ်းကျဉ်းလေးတစ်ခုကို သူတွေ့လိုက်ရတယ်။ သစ်ပင်အကြီးကြီးတွေ ထူထပ်တာကြောင့် လမ်းကျဉ်းလေးက မှောင်ရိပ်ကျလွန်းတယ်။
သူသွားမှဖြစ်မယ်။ အဲ့မိန်းကလေးကို သူရမှဖြစ်မှာ။ ငယ်ငယ်ကထဲက တစ်ခါမှမရခဲ့ဘူးတဲ့ ချစ်ခြင်းမေတ္တာကို အဲ့မိန်းကလေးဆီက ပထမဆုံးရဖူးတာပဲ။ တစ်နေ့နဲ့တစ်နေ့ အလုပ်မှအလုပ်ပဲ စိတ်ဝင်စားပြီး သူ့ကိုတစ်ချက်လေးတောင် မကြည့်ခဲ့တဲ့ အဖေ။ နိုင်ငံခြားမှာ နောက်အိမ်ထောင်နဲ့ လတိုင်းပိုက်ဆံတွေပို့ပေးရုံကလွဲရင် သူ့မျက်နှာတောင်အခုတွေ့ရင်မှတ်မိပါ့မလားမသိတဲ့ မိခင်ဖြစ်သူ။ ဘဝမှာလိုတိုင်းရခဲ့တယ်။ ဒါပေမယ့် တကယ်လိုအပ်ခဲ့တဲ့ မေတ္တာတရားကို အဲ့မိန်းကလေးကပဲ သူ့ကိုပေးခဲ့တာ။
ကျောင်းစတက်ကထဲက ကျောင်းဝင်းအပြင်မှာ ကျောင်းမသွားချင်လို့ဂျီကျနေတဲ့ ကလေးလေးကိုချော့မော့မယ့်သူမရှိပေမယ့် ကောင်မလေးတစ်ယောက်က လက်တွဲပြီးကျောင်းခန်းထဲကို တူတူဝင်စေခဲ့တယ်။ အဲ့တုန်းကရတဲ့ နွေးထွေးမှုကို သူဘယ်တုန်းကမှမမေ့ခဲ့ဖူးဘူး။ အမြဲတမ်းအတွက် အဲ့ကောင်မလေးနားမှာ သူပဲရှိသလို သူ့နားမှာလဲ အဲ့ကောင်မလေးပဲရှိရမယ်။ ဒါက သူ့ချစ်ခြင်းပဲ။
သူငယ်ချင်းလဲသူငယ်ချင်း အမြဲတမ်းလဲတူတူတွေ့နေကျကောင်မလေးနဲ့ ချစ်သူဖြစ်တာခြောက်နှစ်အတွင်း စီးပွားရေးပြိုင်ဖက်ဖြစ်တဲ့မိသားစု သူနိုင်ငါနိုင်ချနေကြတဲ့ မိဘတွေလက်ထဲမှာ ကြီးပြင်းခဲ့တဲ့ကောင်မလေးက သူ့ကို Broken familyက ဆင်းသက်လာတဲ့သားဖြစ်သူမို့လို့ မယူရဲပါဘူးတဲ့။ တဖြည်းဖြည်းသူ့အပေါ်အေးစက်လာတာကိုလဲ သိတယ်။ သူ့အပေါ်အရင်ကထဲက သူငယ်ချင်းကိုသနားစိတ်ကြောင့် ဘေးနားမှာရှိပေးခဲ့မှန်းလဲ သိတယ်။
ဒါပေမယ့် သူချစ်ရင်ဖြစ်တာပဲမလား။ အဲ့ကောင်မလေးက သူ့ကိုဘယ်လိုအချစ်မျိုးနဲ့ချစ်ချစ် သူကတော့ အဲ့နွေးထွေးမှု အဲ့ချစ်ခြင်းကို တခြားတစ်ယောက်နဲ့မျှဝေယူစရာ အကြောင်းလုံးဝမရှိဘူး။ သူ့မှာအဲ့ကောင်မလေးကလွဲရင် ဘယ်သူမှမရှိဘူး။ သူ့ဘေးမှာ သူ့အနားမှာ ဘယ်သူမှမရှိလို့ ဝန်ခံရရင် သူအရမ်းကြောက်တယ်။
ESTÁS LEYENDO
ငမွှေထိုး system ကြောင့် ယောကျ်ားရသွားတဲ့ ငါလေး
Fanfic(Both Zawgyi and Unicode) "အဲ့တော့ ငါကသူနဲ့ယူရမှာလား..." "ယူတာမယူတာ host အပိုင်းလေ... ဒါပေမယ့် မယူရင် သေမှာ..." "Yah...................." "Wae..................." "အဲ့တော့ ငါကသူနဲ့ယူရမှာလား..." "ယူတာမယူတာ host အပိုင်းလေ... ဒါပေမယ့် မယူရင် သေမှာ..." ...