[Zawgyi]
မီးပြတ်သွားတာကြောင့် အေးခဲထားတဲ့အသားတွေဟာ သုံးရက်လောက်ပဲခံတော့မယ်ဆိုတာကို ဒိုယောင်းလေးက တွေးမိတော့ အနှမျောလွန်ပြီး ရင်ဘတ်တွေတောင်အောင့်လာသလိုလို ခံစားမိလိုက်လေရဲ့။ ဒီလိုနဲ့ပဲ ဟယ်ချန်းကိုပြောပြီး အစီစဉ်ဆွဲလိုက်တဲ့ကိစ္စလေးတစ်ခုဟာ ဗီလိန်ကောင့်ရဲ့ အကြံဉာဏ်တွေကြောင့် လုံးဝကို အောင်မြင်သွားခဲ့တယ်။
ဂိုဒေါင်ထဲက Camping ထွက်ရင်သယ်သွားတဲ့ Tent ကို ညနေပိုင်းမှာဗီလိန်ကောင်ဟာ ပင်လယ်အစပ်နားမှာ သွားဆင်တဲ့အချိန်မှာ ဒိုယောင်းလေးဟာ အသားတွေရယ် ဖယောင်းတိုင်တွေရယ်ကို အထုပ်နဲ့ထုပ်ပြီး ပင်လယ်နားကိုယူလာခဲ့တယ်။ ကုန်းပေါ်က အိမ်ကနေ ဟိုးပင်လယ်အစပ်နားထိ လမ်းလျှောက်ဆင်းရတာကြောင့် ခြေထောက်လဲညောင်း လက်လဲညောင်းနဲ့ လမ်းတစ်ဝက်မှာပင် ထိုင်ချလိုက်ရတော့တယ်။ ကုန်းအမြင့်ပေါ်ကနေဆိုတော့ သောင်ပြင်မှာ Tent ထိုးနေတဲ့ ဗီလိန်ကောင့်ကိုလဲ လှမ်းမြင်နေရတာပေါ့။
'host... စပါကတီမရွေးဘဲ အသားကင်ရွေးလိုက်တာ သိပ်မှန်တာပဲနော်... ငါတို့ hostက ဉာဏ်တော့ကောင်းသားပဲ...'
ဟယ်ချန်းရဲ့စကားကိုကြားပြီး ဒိုယောင်းက နှုတ်ခမ်းစွန်းတွေ ကော့တက်သွားတဲ့အထိ ရီလိုက်တယ်။ ဟုတ်တယ်။ သူက စပါကတီမကြိုက်ကြောင်းနဲ့ အသားတွေကောင်းနေတဲ့အချိန်မှာ သူ့ကိုအသားကင်ကျွေးဖို့ ဗီလိန်ကောင့်ကိုပြောလိုက်တာ။ ဟိုကလဲ ဘာစိတ်ကူးတွေပေါက်နေလဲမသိ။ အသာတကြည်လက်ခံခဲ့တယ်။
'ဟယ်ချန်း... မင်းပြောကြည့်စမ်း... ဗီလိန်ကောင်က ဘာလို့များဒီလောက်ပြောင်းလဲသွားရတာလဲ...'
'hostက သူ့ရဲ့စိတ်ကို အနည်းနဲ့အများ ရယူပြီးပြီလေ... host ရဲ့ကြီးမားလှတဲ့ မေတ္တာတရားကြီးကို ခံစားမိလို့နေမှာပေါ့...'
ကြီးမားလှတဲ့ ဆိုတဲ့နေရာမှာ တမင်အသံကိုဖိပြီးပြောတဲ့ ဟယ်ချန်းရဲ့ရွဲ့မှုစောင်းမှုတို့ကို ပုံမှန်ဆို ဆဲမိမှာမှန်ပေမယ့် အခုတော့ ရင်ထဲမှာ ပျော်နေသလိုလို။ ကောင်းကင်ပေါ်မှာပဲ ပျံနေသလိုလိုနဲ့ ခံစားလိုက်ရတယ်။ သူရူးများ ရူးသွားပြီလား မသိ။
VOUS LISEZ
ငမွှေထိုး system ကြောင့် ယောကျ်ားရသွားတဲ့ ငါလေး
Fanfiction(Both Zawgyi and Unicode) "အဲ့တော့ ငါကသူနဲ့ယူရမှာလား..." "ယူတာမယူတာ host အပိုင်းလေ... ဒါပေမယ့် မယူရင် သေမှာ..." "Yah...................." "Wae..................." "အဲ့တော့ ငါကသူနဲ့ယူရမှာလား..." "ယူတာမယူတာ host အပိုင်းလေ... ဒါပေမယ့် မယူရင် သေမှာ..." ...
