[Zawgyi]
သူ့ရဲ့လည်ပင်းကို လက်နှစ်ဖက်လုံးနဲ့ ဖက်တွယ်ထားရင်း သူ့ရင်ခွင်ထဲခေါင်းတိုးနေတဲ့ ကင်ဒိုယောင်းကို ကြည့်ပြီး ဂျယ်ဟွန်းက နှစ်နှစ်ကာကာကိုပြုံးလိုက်မိတယ်။ တကယ်များ သတ်ပစ်လိုက်မယ်လို့ ထင်နေတာလားမသိ။
အမှန်တော့ သူကစချင်ရုံလေးပါ။
"ကင်ဒိုယောင်း... ကင်ဒိုယောင်း..."
"အင်..."
သူခေါ်လိုက်မှ အင် ခနဲ အူကြောင်ကြောင်နဲ့မော့ကြည့်တဲ့ ဒိုယောင်းရဲ့မျက်နှာက ဂျယ်ဟွန်းရဲ့ နှလုံးခုန်သံတွေကို မြန်လာစေတယ်။ မျက်လုံးတွေက သိပ်ဖြူစင်လွန်းနေတယ်။ ပြီးတော့ နှုတ်ခမ်းတွေ။ အံ့ဩသယောင် မပွင့်တပွင့်ဟထားတဲ့ နှုတ်ခမ်းလွှာတွေကို သူထိတွေ့ချင်နေမိတယ်။ ရူးပြီ။ ဂျောင်ဂျယ်ဟွန်းတို့ သွက်သွက်ခါအောင် ရူးသွားတာ။
"မင်း... ရင်တွေခုန်နေတာလား... ဂျယ်ဟွန်း..."
ခပ်တိုးတိုး အမေးစကားသံကြောင်း နားထင်ကသွေးကြောက ဆောင့်ခနဲနေအောင် ခေါင်းထဲကိုရောက်သွားတယ်။
"ဘာလို့ ရင်ခုန်ရမှာလဲ... ခင်ဗျား ကိုယ်ကြီးက လေးလို့..."
ပေါက်ကရတွေပြောပြီးမှ ဂျယ်ဟွန်းက ပြန်စဉ်းစားမိတော့တယ်။ လေးတာနဲ့ ရင်ခုန်တာက တခြားစီပေမယ့် ကင်ဒိုယောင်းက သူ့ကိုဘာမှပြန်အထွန့်မတက်လို့သာ တော်ပါတော့တယ်။ ပြီးတော့ နောက်တစ်ခု။ အရပ်ချင်းမကွာတာမို့လို့ အောက်ကိုချပေးလိုက်လဲ ရေက ကင်ဒိုယောင်းရဲ့ ရင်ဘတ်လောက်ပဲရှိနေမှာ။ ဒါပေမယ့် ချပေးဖို့ကို ကင်ဒိုယောင်းက ပါးစပ်မဟသလို သူလဲပြန်ချပေးဖို့ စိတ်ကူးမရှိခဲ့။ သူတို့ရဲ့ဆက်ဆံရေးက တဖြေးဖြေးနဲ့ နီးကပ်လာတာလား။
အမှန်တကယ်ဆို ပွေ့ချီထားပေမယ့် ကင်ဒိုယောင်းရော သူရောရဲ့ ခန္ဓာကိုယ်တစ်ဝက်လောက်က ရေထဲမှာသာဖြစ်တယ်။ ပင်လယ်လေတဖြူးဖြူးနဲ့ ညဘက်ကြီးရေထဲရောက်နေတာမို့လို့ ခန္ဓာကိုယ်က အေးနေရင်တောင် သူ့နှလုံးသားက နွေးထွေးနေတယ်။ ဒီခံစားချက်။ အဲ့ဒီခံစားချက်မျိုးကို သူသိပ်သဘောကျတယ်။
ESTÁS LEYENDO
ငမွှေထိုး system ကြောင့် ယောကျ်ားရသွားတဲ့ ငါလေး
Fanfiction(Both Zawgyi and Unicode) "အဲ့တော့ ငါကသူနဲ့ယူရမှာလား..." "ယူတာမယူတာ host အပိုင်းလေ... ဒါပေမယ့် မယူရင် သေမှာ..." "Yah...................." "Wae..................." "အဲ့တော့ ငါကသူနဲ့ယူရမှာလား..." "ယူတာမယူတာ host အပိုင်းလေ... ဒါပေမယ့် မယူရင် သေမှာ..." ...
