Part 13

568 59 17
                                        

[Zawgyi]

အခန်းထဲပြန်ဝင်ဖို့ အရိပ်ကဲပြနေတဲ့မျက်လုံးတွေကို မလွန်ဆန်နိုင်စွာ အခန်းထဲကိုပြန်လာခဲ့ပေမယ့် ဒိုယောင်းက နည်းနည်းလေးတောင် ဂျယ်ဟွန်းကိုစိတ်မချနိုင်ဘူး။ ခုနက သူလှေကားပေါ်ကနေဆင်းလာတုန်းက ဂျယ်ဟွန်းရဲ့ဒူးထောက်ခေါင်းငုံ့နေတဲ့ပုံကို ဘေးတဇောင်းအနေအထားနဲ့တွေ့လိုက်ကထဲက ရင်ထဲမှာလုံးဝနေလို့ကောင်းတာမဟုတ်။

ဘယ်လောက်တောင် နာကျင်နေလိုက်မလဲ။ အသားနာတာထက် ဂျယ်ဟွန်းလေး ရင်ထဲမှာဘယ်လောက်တောင် နာနေလိုက်မလဲ။ သူအဲ့ဒီမနာကျင်ချင်ယောင်ဆောင်နေတဲ့ ကျောပြင်ကျယ်ကို ထွေးပွေ့ပေးချင်ခဲ့တယ်။ သူကာကွယ်ပေးချင်ခဲ့တယ်။

"သူကလဲ host ကိုကာကွယ်ပေးချင်လို့ ဖြစ်မှာပါ..."

"ဘယ်လို... ဘယ်လို..."

"အဲ့လိုမျိုးတွေက နှစ်တစ်သောင်း FA တွေ နားမလည်နိုင်ပါဘူးလေ..."

ဒိုယောင်းလေးမှာ ခုနကစိတ်မကောင်းဖြစ်နေတာတောင် အစုတ်ပလုတ် System ကြောင့် ဘယ်ပျောက်သွားမှန်းမသိ။ ဒါပေမယ့်လဲ သူ့မှာမြိုသိပ်ရသေးတယ်။ အဲ့ဟာလေးက သူ့ကိုကောင်းကျိုးပြုနေတာကိုး...။

"သူဘယ်လိုဆက်ဖြစ်မှာလဲ ဟယ်ချန်း... ငါဘယ်လိုလုပ်မှ သူဆက်ပြီးမနာကျင်ရမှာလဲ..."

"အဲ့တာထက် သူ့အပေါ် host ဘယ်လိုစိတ်မျိုးရှိလဲ..."

ဟယ်ချန်းရဲ့ မေးခွန်းကိုဖြေဖို့ သူထိုင်နေတဲ့ ကုတင်ရဲ့အိပ်ရာခင်းစကို ခပ်ဖွဖွဆွဲစုပ်လိုက်မိတယ်။

"ချစ်မိသွားခဲ့တယ်... ဒီတိုင်း... ဘာမျှော်လင့်ချက်မှမပါဘဲ... ကာကွယ်ပေးချင်ပြီး သူ့ကိုပျော်စေချင်တယ်..."

"ဒါတကယ့်ကမ္ဘာအစစ်မဟုတ်ဘူးနော် host... အချိန်တန်ရင် hostက ပြန်ရမယ့်သူ... ကျွန်တော်သတိပေးတာများနောက်ကျသွားလား hostရယ်... ဘယ်လိုပဲ Bl System ထဲဝင်လာတယ်ပြောပြော... host က...."

"အင်း... မင်းရဲ့စေတနာကို နားလည်ပြီး ကျေးဇူးလဲတင်ပါတယ် ဟယ်ချန်း... ဒါပေမယ့် အချစ်ဆိုတာမျိုးက စေခိုင်းလို့ရတဲ့အရာမျိုးမှမဟုတ်တာပဲလေ... သူက စိတ်ကူးယဉ်ထားတဲ့ဇာတ်ကောင်တစ်ခုဆိုတာကိုလဲ သိတာပေါ့... ငါမှမချစ်ဘဲမနေနိုင်တာ ဘယ်လိုလုပ်ရမလဲ..."

ငမွှေထိုး system ကြောင့် ယောကျ်ားရသွားတဲ့ ငါလေးDonde viven las historias. Descúbrelo ahora