Part 10

379 50 8
                                        

[Zawgyi]

နှလုံးသားချင်းစပ်ယှက်ခြင်း...။

ဘယ်လို Mission ကြီးမှန်းမသိ။ ဘာတွေလုပ်ရမယ်မှန်းမသိပေမယ့်လဲ ဒိုယောင်းက သူကျိန်းသေပေါက်ကို ဖြေရှင်းနိုင်မှာပဲဆိုတဲ့ အထင်ကြီးစိတ်လေးနဲ့ ပေါ့ပေါ့ပါးပါးလေးပဲ နေပါတယ်။ ဒီအိမ်ကြီးကိုရောက်လာတာ အခုဆိုတစ်လကျော်။ အခုဆို သူနဲ့ဗီလိန်ကောင်ရဲ့ဆက်ဆံရေးက နည်းနည်းတိုးတက်လာတယ်ပဲ ပြောရမှာပေါ့။ ဗီလိန်၏စိတ်အားရယူခြင်း Mission တောင် ပြီးသွားခဲ့ပြီကို။

ဟိုကိစ္စ။ ဟိုကိစ္စက ဘာကိစ္စလဲဆိုတော့ နေမကောင်းတဲ့ညက ရုတ်ရုတ်သဲသဲတွေဖြစ်သွားတဲ့ကိစ္စ။ အဲ့တာပြီးကထဲက ဂျောင်ဂျယ်ဟွန်းတို့ အချိုးတွေပြောင်းသွားလိုက်တာ။ ညဆိုတစ်ကုတင်ထဲမှာ ဖက်လုံးကြီးအလယ်မှာချပြီး အိပ်ကြတာမျိုး။ မနက်သူ ဟင်းချက်တော့မယ်ဆိုရင် ဘေးနားကနေ သူ့ကိုတစ်ခုခုလာကူညီတာမျိုး။ အဝတ်လျှော်ရင် အဝတ်တွေလာလှန်းပေးတာမျိုးပေါ့။ သိပ်ရေရေရာရာစကားလဲမပြော သူ့ကိုသိပ်မရင်းနှီးသေးတဲ့ပုံပေမယ့် ဆရာတစ်ယောက်ကို ရှိန်နေတဲ့တပည့်လေးလို ပြုမူနေတာလေးက ချစ်စရာ။

နေပါဦး။ ငါဗီလိန်ကောင့်ကို ချစ်စရာလေးလို့ တွေးလိုက်တာလား။

'host... ငါတို့ hostက တကယ်ကိုနစ်မြောနေပြီပဲ...'

'အံမယ်... နစ်မြောစရာလား... မင်းပေါက်ကရတွေပြောတာတော်တော့နော်... ဟိုနေ့ကလဲ မင်းအကြံပေးလို့ အဲ့လိုတွေဖြစ်ရတာ...'

'ကျနော်လုပ်ပေးလို့ hostက Point တွေရတာလေ... မဟုတ်ရင် host အဲ့နေရာမှာတင် တစ်နေလောက်ပြီ...'

ဒိုယောင်းက ဒီအငြင်းသန်တဲ့ငနဲလေးနဲ့ မပြောချင်တော့လို့ သူ့ရဲ့လက်ရှိဟင်းချက်တဲ့ အလုပ်ကိုစလိုက်တယ်။ ဘာဟင်းချက်ရင်ကောင်းမလဲ။ ဒါပေမယ့်လဲ တော်ပါသေးတယ်လေ။ သူဘာဟင်းချက်ချက် ဂျယ်ဟွန်းက မညည်းငြူဘဲစားပေးရှာပါတယ်။ မဆိုးဘူး။ အဲ့ကောင်လေးက လိမ်တော့လိမ်မာသား။

'host... ဒီနေ့ hostယောက်ျားကို ချီးကျူးနေတာ ပြီးတော့မှာလား... ဟင်းချက်တာမပြီးတော့မှ ဟိုက host ကိုလုပ်လိမ့်မယ်နော်...'

ငမွှေထိုး system ကြောင့် ယောကျ်ားရသွားတဲ့ ငါလေးTempat cerita menjadi hidup. Temukan sekarang