[Zawgyi]
ဒိုယောင်းကထသွားဖို့ လုပ်တာပေမယ့် ပိုတင်းကြပ်လာသော ဖိအားကြောင့် သူ့မှာလှုပ်လို့မရဘူးဖြစ်နေလေရဲ့။ မသိမသာလေးရုန်းနေပေမယ့် သိသိသာသာကို ဖက်ထားတာကြောင့် ဒိုယောင်းလေးတစ်ယောက် အခက်တွေ့နေရှာပြီ။ ဗီလိန်ကောင်နိုးနေတာလားဆိုတာ အတည်ပြုဖို့ နောက်ကိုလှည့်ကြည့်တော့လဲ သူကဗီလိန်ကောင်ရဲ့မေးစေ့ကိုပဲ မြင်ရတယ်။ အရမ်းကြီးအရပ်ကွာနေတာ မဟုတ်ပေမယ့် သူကသူများလက်မောင်းပေါ်မှာ အိပ်နေတာဖြစ်ပြီး အောက်ကမော့ကြည့်တာမို့လို့နေမယ်။
'ဟယ်ချန်း... သူအိပ်ပျော်နေတာလား...'
'နှိုးမနေပါနဲ့တော့ host ရယ်... ဒီတိုင်းနေလိုက်ပါတော့...' (အရောက်ပို့နေတာ🤭)
'ဒီတိုင်းနေလို့ရမလား... အဖျားကူးရင် ဘယ်လိုလုပ်မလဲ...'
'ကူးမယ့်ကူးဆို အခုချိန်ဟိုက ဂစ်ဂစ်ဂစ်တွေဖြစ်နေလောက်ပြီ... တစ်ညလုံး host ကို ပြုစုပြီး သူ့ခဗျာပင်ပန်းပြီး အိပ်နေရှာတာ... မနှိုးပါနဲ့တော့...'
ဟယ်ချန်းရဲ့အသံကြားရတာ အရင်ကဆို ဆွဲကုတ်ပြီးလုပ်ပစ်လိုက်ချင်ပေမယ့် အခုပြောလိုက်တဲ့အသံလေးကတော့ ပိုပြီးချိုသာနေတယ်လို့ ထင်ရတယ်။ တကယ်ကြီးသူ့ကိုပြုစုနေတာ...?။ အကောင်းမြင်စိတ်ကလေးနဲ့ သူဘေးနားကနေထသွားဖို့အတွက် သူ့ကိုယ်ပေါ်မှာပိနေတဲ့ ဗီလိန်ကောင်ရဲ့လက်ကို ဖယ်ရှားခြင်းအမှုကို ဒိုယောင်းကပြုလုပ်လိုက်တယ်။ ဘယ်လောက်ပဲအမြင်ကပ်ကပ် သူ့ကြောင့်တစ်ပါးသူကို ဒုက္ခမရောက်စေချင်တာတော့ အမှန်ပါပဲ။
ဒါပေမယ့် ဒိုယောင်းရဲ့စိတ်ကောင်းလေးဟာ အနည်းငယ်နောက်ကျသွားပြီမှန်း သူ့ပေါ်ရောက်နေတဲ့လက်တစ်ဖက်ကို ထိမိတဲ့အချိန်မှာ သတိပြုမိလိုက်တယ်။ အပူငွေ့တွေရှိနေတဲ့လက်တစ်စုံဟာ သူ့ဆီကနေအဖျားကူးသွားမှန်း အထိတွေ့ကြောင့်သူသိလိုက်ရပါတယ်။
'ဟယ်ချန်း... မင်းပြောတော့မဖျားပါဘူးဆို... ဟိုကဖျားနေတာ သေတော့မယ်...'
အံကြိတ်သံကြီးနဲ့ ပြောနေတဲ့ host ကြောင့် ဟယ်ချန်းလေးမျက်ရည်တွေ အတောင့်လိုက်ကျလာတော့မလိုတောင် ထင်ရတယ်။ ကျနော်က ဘယ်လိုသိမှာလဲ host ရဲ့။ ကျနော်က host ရဲ့ System လေ။ သူ့ဟာမှမဟုတ်တာကို။ တကယ်ပါပဲ။
BẠN ĐANG ĐỌC
ငမွှေထိုး system ကြောင့် ယောကျ်ားရသွားတဲ့ ငါလေး
Fanfiction(Both Zawgyi and Unicode) "အဲ့တော့ ငါကသူနဲ့ယူရမှာလား..." "ယူတာမယူတာ host အပိုင်းလေ... ဒါပေမယ့် မယူရင် သေမှာ..." "Yah...................." "Wae..................." "အဲ့တော့ ငါကသူနဲ့ယူရမှာလား..." "ယူတာမယူတာ host အပိုင်းလေ... ဒါပေမယ့် မယူရင် သေမှာ..." ...