🐶 Part - 43 🐣

1.1K 51 8
                                    

Unicode 🐣🐶

အရင်လိုကြည့်ကောင်းနေတုန်းဘဲ အချစ်ရေ
ဆုံတွေ့ရတာ ကိုယ်ဝမ်းသာ တကယ်လို့ရင်ထဲမှာဘာမှ အတေးအမှတ်မထားရင် ....ကြိုနေသူဆီ ပြန်လာခဲ့တော့ ....အချစ်လေး .......

သီချင်းဆိုနေတာမဟုတ်ရပါ
ရည်းစားဟောင်း နဲ့ ပြန်တွေ့ရတဲ့
Wu Yifan ရဲ့ feeling ပါ

သူကျရှုံးခဲ့တဲ့မျက်လုံးဝိုင်းဝိုင်းတွေနဲ့
အကြည့်တွေကို မြတ်နိုးနေတုန်းဘဲဆို
တာရင်ခုန်သံကသက်သေပြနေတယ်
တစ်ဖက်ကသူ့ကိုထားသွားခဲ့ပေမဲ့
သူကတော့ အခုထိ ချစ်နေဆဲပါ.....

" လာပေးလို့ ကျေးဇူးပါ အိမ်ထဲ
ဝင်ဦးနော် "

Yeol ကတော့ ....သိပ်အဆင်မပြေတဲ့
မျက်နှာထားနဲ့ ဆိုဖာပေါ် ထိုင်လိုက်ပြီး

" မတွေ့တာကြာပြီ ...နေကောင်းတယ်မလား "

" ပြန်ကောင်းသွားခဲ့ပီ ဆိုပါတော့ "

" အင်း တော်သေးတာပေါ့ ဒါနဲ့ ဘာကိစ္စ
တွေ့ဖို့ ချိန်းတာလဲ ကျွန်တော်တို့ကြား
ပြောစရာထပ်မရှိတော့ဘူးထင်တာဘဲ "

Yifan က ဘာမှဆက်မပြောဘဲ စားပွဲခုံ
ပေါ်က ပြင်ထားတဲ့မွေးနေ့ကိတ်ပေါ်ကို
ဖယောင်းတိုင်စိုက်နေတယ်

" သားလေးမွေးနေ့တော့အတူရှိသင့်တယ်
ထင်လို့ချိန်းလိုက်တာ "

CY က ရူးနေပီလားဆိုတဲ့အကြည့်နဲ့

" ဘာတွေ ပေါက်ကရ ပြောနေတာလဲ "

" တကယ်ပါဆို ကိုယ်တို့မှာ သားရှိတယ်
မင်းနဲ့ ကိုယ်ရဲ့သား ဒီနေ့မိတ်ဆက်ပေးမှာ"

" ဘာကိစ္စမှ မဟုတ်ဘဲ မဟုတ်တာတွေ
လျှောက်ပြောနေမယ်ဆ်ို ပြန်ပြီ"

ပြန်ဖို့လုပ်နေတဲ့CY လက်ကို ဖမ်းဆွဲပြီး

" နေပါဦး ဘေဘီရယ် လောနေလိုက်တာ
ကိုယ်တို့ သားမွေးနေ့ပြီးရင်အရေးတကြီး
ဆွေနွေးစရာတွေ ရှိသေး "

" ဘယ်ကသားလဲ ..ကျွန်တော့်မှာသမီး
တစ်ယောက်ဘဲရှိတာ "

' သားလေးရေ ဆော့နေတာရပ်ပြီးDaddy ​,
Appa နဲ့တူတူမွေးနေ့ ကိတ်ခွဲကြမယ် '

" ပါးပါး လာပြီလား "

အခန်းထဲကနေကလေးလေးကထွက်
လာတော့ ချီလိုက်တဲ့ Yifan

✨အိမ်ဦးနတ် ✨         Where stories live. Discover now