🐶 Part 19🐥

3.1K 278 59
                                    

Unicode 🐶🐥

ကလေးလေးက သမီးလေးဆိုတာသိပြီး
သမီးရူးရူးနေတဲ့ Sehun ဟာ ဗိုက်နားကို
အကြောင်းမရှိအကြောင်းရှာလာကပ်နေ
တော့တာ ဗိုက်ထဲကကလေးနဲ့စကားပြော
လို့ရတဲ့ပစ္စည်းကိုဝယ်ပြီးတော့ကိုခဏခဏ
ဆိုသလို လာပြောနေတော့တာ ကိုယ်က
တော့ သူကိုမြင်ရင်ဟိုကောင်မကိုပါတွဲ
မြင်နေရလို့ စိတ်တွေလုံးဝကိုမကြည်ဘူး
စကားအရသာပြတ်တယ်ပြောနေတာဟိုက
တစ်ခွန်းမခေါ်လိုက်နဲ့သူပြေးသွားတော့တာ
အဲ့လောက်ထိသူ့စကားကိုလျစ်လျူရှုပြီးထင်
သလိုနေနေတဲ့သူ့ကိုဘာဘဲလုပ်ပြပြအကောင်း
မြင်ပေးလို့လဲမရတော့ဘူး သူကတော့ အိမ်ပြန်
လာရင် နည်းအမျိုးမျိုးနဲ့ ချစ်ကြောင်းပြနေပေမဲ့
ကိုယ့်နှလုံးသားဟာ အယုံအကြည်ကင်းမဲ့ပြီး
တစစီ အလဲလဲအကွဲကွဲဖြစ်နေပြီ ....

ဒီနေ့လဲ ညအတော်မိုးချုပ်မှ ပြန်လာပြီး
သူ့ဗိုက်နားလာကပ်ကာ ပွတ်သီးပွတ်သတ်နဲ့

" Honey ကိုယ့်သမီးက ကိုယ့်ကိုရီပြနေ
တဲ့ အသံလေး နားထောင်ကြည့် ပါဦး
ချစ်ဖို့ကောင်းလိုက်တာ မွေးလာရင်ကိုယ်
နဲ့တူမယ်ထင်တယ်"

" ငါမွေးတာဘဲ ...ငါနဲ့တူမှာပေ့ါ "

" ကိုယ်လုပ်ထားလို့ပါကွာ ...ကိုယ်နဲ့တူ
မှာပါဆိုနေ "

" နားညီးတယ် အချိန်မတော်ပြန်လာပြီးမှ
ငါအိပ်ချင်ပြီ သွားတော့ ..."

" ဘယ်ကိုသွားရမှာလဲ Seniလေး အာပါးရဲ့
တစ်အိမ်ထဲနေပြီး လွမ်းနေရသလိုဘဲကွာ
ကိုယ်အဲ့လိုခံစားချက်မျိုးတကယ်မကြိုက်ဘူး"

ကလေးကိုလဲသူ့သဘောနဲ့သူနာမည်ကပေး
လိုက်ပြန်ပြီ လုပ်ချင်ရာလုပ်လာပြီးမှပိုပြနေ
တာ တကယ်မုန်းဖို့ကောင်းလာပြီ

" ဒါငါ့အိပ်ရာလေ ...မင်းအခန်းမင်းပြန်ပေါ့ "

ဂုတ်သားလေးတွေကလဲမို့မို့လေးတွေပါးတွေ
အစ်ထွက်ပြီးဖောင်းနေတာသမီးကိုယ်ဝန်မို့လို့
နုဖတ်ပြီးကော်ပတ်ရုပ်အတိုင်းဖြစ်နေတော့
နဂိုကမှ အသည်းယားနေတာမနေနိုင်တော့ baekhyunee ရဲ့ပါးဖောင်ဖောင်းတွေလဲ သူ့ရဲ့ မျက်နှာလေးကိုနှစ်ပစ်ပြီး ဝဝကစ်ကစ်ကိုယ်လုံး
လေးကိုလဲအားကြီးနဲ့ဖက်ထားပစ်လိုက်တယ်
ရုန်းနေတဲ့သူ့ကိုအတင်းနမ်းပစ်ပြီးနားနားကပ်ကာ

✨အိမ်ဦးနတ် ✨         Where stories live. Discover now