Part -40 (အဆက်)

1.3K 100 18
                                    

Unicode 🐶🐣

တစ်ခါတစ်လေကျရင် ဖြစ်တတ်တယ်လေ
တစ်ယောက်ယောက်ကို စိတ်မကြည်မိရင် သူဘာလေးလုပ်လုပ် မကြည်လင်တော့တာမျိုးပေါ့ ။ ဘာလေးလုပ်လုပ် အကောင်းတွေ မမြင်တော့ဘူး ။ ကောင်းခဲ့တာလည်း အစဖော် စဉ်းစားလို့မရတော့ဘူး။

နောက်မှ စိတ်အေးသွားတဲ့အခါ သေချာ
လေးပြန်သုံးသပ်မိရင် ကိုယ့်ဟာကိုယ်
စိတ်အလိုလိုက်ရင်း ဘေးနားကလူကိုရမ်း
နေမိတဲ့ အနေထားမျိုးဖြစ်နေတာ။တစ်
ဘက်ကလည်း သူမှားမှားမှန်မှန်တစ်ချိန်
လုံးပြဿနာရှာနေတဲ့ကိုယ့်စိတ်ဂယက်
ကြီးကို သည်းခံပေးနေရတာ တစ်ခါတစ်
လေဆိုရင်တော့ ကောင်းတာပေါ့ ....

သူအဲ့လိုမျိုးမကြာခဏဆိုသလိုလုပ်မိ
တတ်တယ် ။ အဲ့ဒါကြောင့်လဲSehunက
ဖောက်ပြန်ခဲ့တာတူတယ် အခုတလောလဲ
အလုပ်အရမ်းရှုပ်နေတာသူ့ကလေး ကိစ္စ
ကို လဲစိတ်ထဲမကျေနပ်နေတာပါပေါင်း
ပြီး တစ်ချိန်လုံးရန်လိုပြဿနာရှာနေမိ
ပြန်တယ် ။

စိတ်အေးအေးနဲ့ကိုယ့်ကိုယ်ကို ပြန်သုံးသပ်
မှ သူလဲအတော်လေးလွန်နေတယ်ခံစားရ
တယ် အဲ့ဒါကြောင့် အဆိုတောင်ရှိသေး

' တချို့သူတွေ ထွက်သွားစေတာ
ကိုယ်ကတွန်းထုတ်လိုက်မိလို့ '

" ဟင့်အင်း.....အဲ့လိုမဖြစ်ရဘူး... ငါ
Darling ကိုနောက်တစ်ခေါက်သူများ
ဆီအပါမခံနိုင်တော့ဘူး.... ဒါပေမဲ့
သူ့သားမျက်နှာမြင်ယောင်လာတိုင်း
​ဒေါသက တရိပ်ရိပ်တက်လာတယ် "

" သားငယ်... သား..ဘာတွေစဉ်းစားနေ
အိမ်ရောက်ကတည်းကကြည့်နေတာငူငူ
ငိုင်ငိုင် နဲ့ ဘာဖြစ်နေပြန်တာလဲ "

" မေမေ... ကို သားမေးစရာရှိတယ် "

" မေးလေ "

" ဖေဖေ ဖောက်ပြန်ခဲ့တုန်းက အရမ်း
မုန်းလို့ ကွာရှင်းလိုက်တာလား "

" အော်....အဲ့ဒါက.. မေမေက ကိုယ်
ခွင့်မလွှတ်နိုင်တာကိုဆုတ်ကိုင်မထား
ချင်လို့ လွတ်လပ်ခွင့်ပေးလိုက်တာ
နှစ်ဦးစလုံးအတွက်အဆင်ပြေတယ်
လို့လဲယူဆလို့ ဘာဖြစ်လို့အခုမှ သိ
ချင်နေတာလဲ "

" သား စဉ်းစားစရာလေးတွေရှိလို့ပါ "

" ဘာလဲ.. ရန်ဖြစ်ကြပြန်ပြီလား "

✨အိမ်ဦးနတ် ✨         Where stories live. Discover now