Unicode 🐶🐥
Sehun မနေ့က Baekhyunနဲ့အကြီးအကျယ်
ရန်ဖြစ်ကြပြီး အိမ်လဲမပြန်ဖြစ် အလုပ်မှာဘဲ
နေနေတာ စိတ်မကြည်မလင်အလုပ်လုပ်ရင်း
စိတ်ခံစားချက်လဲတစ်မျိုးဖြစ်နေတာကြောင့်
အလုပ်ဆက်မလုပ်နိုင်တော့ဘဲအိမ်ကိုအမြန်ပြန်လာခဲ့တာ ထင်တဲ့အတိုင်းဘဲ Baekhyun ကluggage နှစ်လုံးဆွဲကာအပြင်ထွက်ရန်ဟန်
ပြင်နေတယ်" အဲ့ဒါ ဘာလုပ်နေတာလဲ Baekhyun"
"😞😞😞"
သူ့ကိုစကားပြန်မပြော အိတ်ကြီးကိုသာ
အပြင်ကိုသဲသဲမဲမဲထုတ်နေတာကြောင့်
မျက်စိနောက်စရာအိတ်နှစ်လုံးကိုသူ့လက်
ထဲကဆွဲယူလိုက်ပြီး" ဘယ်သွားမလို့လဲ မေးနေတာဖြေလေ"
" ငါ့အိတ်ပြန်ပေး "
" မပေးဘူးကွာ မေးနေတာဖြေဆို "
" ကိုယ့်ကိုမလိုအပ်တော့တဲ့သူအနားမှာ
ဆက်ရှိနေစရာ မလိုတော့ဘူးထင်လို့"" ဟန်နီ ရာ အဲ့လိုတွေမပြောနဲ့ ကိုယ်
မနေ့က လွန်သွားတာတောင်းပန်တယ်
မင်းမကြိုက်ရင်နောက်သူ့ကိုမခေါ်လာတော့
ဘူးနော် စိတ်မဆိုးပါနဲ့တော့ "" ငါ့ကိုအဲ့မိန်းကလေးအကြောင်းလာမပြော
နဲ့ ငါအခု စိတ်ပုံမှန်မဟုတ်ဘူးနော်မင်းရော
မင်းကောင်မကိုပါ အမှုန့်ကျိတ်ပစ်ချင်နေတာ
ငါနဲ့ဝေးဝေးနေစမ်းပါ "" မကြိုက်ရင်လဲမပြောတော့ဘူးနော်
အိတ်တွေ ကိုယ်အခန်းထဲပြန်သယ်ပေး
မယ်နော် ခရီးသွားချင်ရင်နောက်မှ
ကိုယ်နဲ့အတူသွားကြစို့နော် "" ငါခရီးသွားမှာမဟုတ်ဘူး ...
" ဘယ်ဘဲဖြစ်ဖြစ်ကွာ ဘယ်မှမသွား
ရဘူး ကိုယ်မင်းမရှိဘဲ မနေနိုင်ဘူး
သိရဲ့သားနဲ့ မရက်စက်ပါနဲ့နော်"" အော်အော် .... Ohsehun တတ်လဲတတ်
နိုင်ပါပေတယ် မင်းမျက်နှာငယ်နဲ့ချော့ရင်
ဒီကောင်က အချိန်တန်စိတ်ပျော့သွားမှာပါ
ဆိုပြီးငါ့ကိုလုပ်ချင်သလိုအမြဲလုပ်တယ်ငါဆို
တဲ့ကောင်ကလဲ မင်းဘယ်လောက်အနိုင်ယူ
ယူအရှုံးပေးထားပြီးသား ဒါပေမဲ့Sehunရယ်
တခြားသူစိမ်းတစ်ယောက်သူစိမ်းတောင်
ငါ့ယောင်္ကျားနဲ့ဖောက်ပြန်နေတဲ့မိန်းမက
အိမ်အထိလာပြီးအနိုင်ကျင့်တာကိုသည်း
ခံနိုင်တဲ့အထိတော့ငါလဲမလုပ်နိုင်ဘူး"
YOU ARE READING
✨အိမ်ဦးနတ် ✨
Romance*SeBaek with his children & to solve the problems of Married Life* ⚠️ Reading List တွင် OTP မှန်အောင်ထည့်ပေးပါ မကြိုက်လျှင် မဖတ်ပါနဲ့ SeBaek fic ပါ ရှင် ⚠️