🐶Part24🐥

2.6K 188 16
                                    

Unicode 🐶🐥

လေထုကအေးစက်သကဲ့သိုလူနှစ်ဦးရဲ့
အကြည့်များမှာလဲအလွန်ပင်တည်ငြိမ်
သလိုရှိပေမဲ့ရင်တွင်းခံစားချက်များကို
ထိန်းချုပ်ရန်ဟန်ဆောင်ခြင်းဖြင့်....

"ရော့ အိမ်စာချုပ်...မင်းနာမည်နဲ့လွှဲပေးခဲ့
တယ် ပြီးတော့ ကိုယ်မင်း မသိအောင်စု
ထားတဲ့ ဘဏ်စာအုပ်ကော..."

Baekhyun သူ့မျက်စိရှေ့ကစာချုပ်စာ
တမ်းတွေထက်အဲ့ဒါတွေကိုလာပေးနေ
တဲ့ Sehun ကိုနားမလည်သလိုကြည့်ပြီး ....

" ဘာလုပ်ဖို့လဲ မလိုအပ်ဘူး "

" လိုတယ်ယူထားလိုက် ကွာရှင်းပြီးသား
သူတွေမဟုတ်လားအရာအားလုံးပြတ်
ပြတ်သားသားဖြစ်သင့်တာပေါ့တစ်နည်း
အားဖြင့် နစ်နာကြေးလို့လဲသဘောထား
လို့ရပါတယ်"

" ဘာ...နစ်နာကြေးတဲ့လား ....ဟက်..
မိုက်ရိုင်းတဲ့ကောင်"

စာရွက်တွေနဲ့ မျက်နှာကိုအပေါက်ခံလိုက်ရပေ
မဲ့ တစ်ချက်မျက်နှာမပြတ်သွား ပြန့်ကျဲနေတဲ့
စာရွက်တွေကို Sehun ခုံပေါ်အသာစီပြီးပြန်
တင်လိုက်ကာ

" ဘာလဲ နဲနေသေးလို့လား ဟဟ မကျေနပ်
ရင် ကိုယ်နဲ့ ပြန်ပေါင်းလိုက်လေ "

" Ohsehun !!!!

" လာမအော်နဲ့ မင်းယောင်္ကျားမဟုတ်တော့ဘူး
အော်ချင်တိုင်းအော်ခွင့်မရှိဘူး နားလည်ထား"

" မင်းလုပ်နေတာ အဓိပါ္ပယ်မရှိတာတွေလေ
ဘာလဲ ကောင်မလေးနဲ့ပြတ်သွားလို့စိတ်
မမှန်တော့တာလား ..."

" ကောင်မလေးဆိုတာက အစထဲကမကြိုက်
ပါဘူးဆိုနေ မင်းကိုရွဲ့ချင်လို့တွဲပြတာပါဆိုနေ
အိပ်လဲမအိပ်ခဲ့ပါဘူးဒီလောက်ပြောနေတာ
သူများစကားတွေကိုဘဲမင်းကပိုယုံတာကိုး
ဒီထက်ပိုပြီးကိုယ်လဲမရှင်းပြတတ်တော့ဘူး "

" အထောက်အထားသက်သေတွေတွေ့
နေတာကိုမုန့်လာဥလုပ်ချင်သေးတယ် "

" အဲ့ဒါလုပ်ကြံခံရတာပါဆိုနေ မင်းကမှတကယ့်
စိမ်းကားရက်စက်တတ်သူကြီး အော်ပြီးတော့
အချောလေးနဲ့ လက်ထပ်တော့မယ်ဆိုပြီး
ဖိတ်စာတွေဘာတွေလာမပို့နဲ့နော် မီးရှို့ပစ်မှာ "

✨အိမ်ဦးနတ် ✨         Tahanan ng mga kuwento. Tumuklas ngayon