🐶Part 22🐣

3.7K 303 38
                                    

Unicode 🐥🐶

အီး.........ဝါး .....

ခုနလေးတင်နို့ဘူးတိုက်ပြီးသိပ်ထားတာကို
တဗြဲဗြဲနဲ့ထအော်တဲ့ သမီးငယ်အသံကြားလို့
သားတွေကိုထမင်းကျွေးဖို့ပြင်နေတုန်း မြန်
မြန်ပြေးကာ ပွေ့ချီရပြန်တယ် နေများမကောင်း
လို့လား ကလေးက ကိုယ်လဲမပူပါဘူး ဗိုက်များ
အောင့်နေတာလား အဖြေရှာမရတော့ ခြေ
မကိုင်မိ လက်မကိုင်မိဖြစ်နေမေမေကလဲ
သူ့အပေါင်းအသင်းတွေနဲ့ခရီးထွက်နေတာ
အိမ်မှာ အမွှေစိန်သားနှစ်ကောင်ရယ် ကိုယ်
ရယ်ဘဲ ရှိတာ အလုပ်သမားတွေလဲ နားရက်
ပေးထားလို့ဘယ်သူမှ မရှိကြ

ဗြဲ.....😭😭😭😭😭

" အေ့အေ့ ..သမီးငယ် ဗိုက်ပြန်ဆာလို့လား
အာပါး နို့ဘူးထပ်ဖျော်ပေးမယ်ခဏလေးနော်
တိတ်တိတ် "

ကလေးကိုချပြီး နို့ဘူးဖျော်မယ်လုပ်နေတုန်း
ခိုးကြည့်နေကြတဲ့ အမွှာနှစ်ကောင်ကြောင့်
မသင်္ကာတော့

" ဟိုနှစ်ကောင်ထွက်လာခဲ့ ဒီကိုလာစမ်း"

" ဂျာ အာပါး လာပြီ ....

" လာပါပြီ အာပါး ....

" သမီးငယ်ခုနအိပ်နေတာအကောင်းမင်းတို့
ကြောင့်နိုးလာတာလား မလားမှန်မှန်ဖြေနော်"

မေးနေတာကို ကလေးနှစ်ယောက်မျက်နှာတစ်
ယောက်ကြည့်ပြီး လက်တို့ခြေတို့လုပ်နေကြတော့
စိတ်မရှည်တော့

" ပြောလေ မြန်မြန် ငါရိုက်လိုက်ရ ......

သူအော်လိုက်တာတော်တော်ကျယ်သွားပြီး
ကြိမ်လုံးကိုင်လိုက်တော့ သမီးငယ်က ပိုအာပြဲ
ပြီးငိုနေလိုက်တာ သားနှစ်ကောင်လဲငိုတော့မလို
ဖြစ်လာပြီ

" အာပါး ....ကိုကြောက်တယ် ...ဟီး😭

"အာပါး က ညီမလေးကိုဘဲချစ်တော့တာ
သားတို့ကို မချစ်တော့ဘူး .....ဒယ်ဒယ်နဲ့
ဘဲ သွားနေတော့မယ် ... ဒယ်ဒယ်ဆီသွား
မယ် .....ဒယ်ဒယ်ကိုအခုခေါ်ပေး ..."

✨အိမ်ဦးနတ် ✨         Where stories live. Discover now