Unicode 🐶🐥
ကိုယ်ဝန်ကြီးနဲ့တောက်လျှောက်စိတ်ခံစားမှု
ဆိုးဆိုးဝါးဝါးကြုံစေခဲ့တဲ့ Baekhyun လေး
ဟာ စိတ်ကျရောဂါဖြစ်တဲ့အထိဆိုးဝါးလာပြီး
သွေးပေါင်တွေလဲတအားထိုးတက်ပြီးရှော့ဖြစ်
သွားလို့ဆေးရုံတက်ရသည်အထိဖြစ်လာခဲ့ပါ
တယ် ဆရာဝန်ကမွေးခါနီးရက်မှသွေးပေါင်
ပုံမှန်မဖြစ်တာအကြောင်းအရာတစ်ခုခုကြောင့်
အခုလို ထိုးတက်လာလျှင် ကလေးမွေးဖို့ခွဲစိတ်
တာပင် ခက်ခဲလာလိမ့်မည်ပြောလာတာကြောင့် Sehun အရမ်းတွေထိတ်လန့်ပြီး သူ့ကြောင့်အခု
လောက်အခြေအနေထိ ဆိုးရွားသွားခဲ့တာ
ဆိုပြီး အပြစ်တင်မဆုံး ယူကျုံးမရဖြစ်နေ
တော့သည် အရေးပေါ်အခြေအနေနဲ့ဆေးရုံ
စတက်ပြီးသတိပြန်ရကတည်းက သူ့ကိုလုံးဝ
အတွေ့မခံတာဒီနေ့လဲ သူစိတ်ပြောင်းနိုးနိုးနဲ့
အခန်းဝမှာရပ်စောင့်နေရတဲ့ အခြေအနေပါ" Omma ဒီနေ့လဲ Sehun လာစောင့်နေသေး
လား သွားကြည့်ပေးပါဦး သားမတွေ့ချင်သေး
လို့ ပြန်ခိုင်းလိုက်ပါနော် ""အင်းပါ မဟုတ်တောင်သူနဲ့ပြောစရာ
လေးတွေရှိနေလို့ တွေ့ဖို့စဉ်းစားထားတာ"" ဘာလုပ်မလို့လဲဟင် ...သူ့ကိုအရမ်းမဆူ
ပါနဲ့နော် သူလဲ ..အရမ်းပင်ပန်းနေတဲ့ပုံပေါ်
ပါတယ် "" ငါ့သားလေးက အရမ်းချစ်တတ်တာဘဲ
နော် သူကသားအတွက်အဲ့လောက်တောင်
ဘဲလား သားရယ် .."" သားသူ့ကိုအရမ်းစိတ်နာနေတာ ဒါပေမဲ့
သူကိုမြင်ရင် သားစိတ်တွေက အလိုလို
အရှုံးပေးချင်လာလို့ပါ အဲ့ဒါကြောင့်သူနဲ့
ဘယ်လိုမှတွေ့လို့မဖြစ်ဘူး သားက အရမ်း
ညံ့ဖျင်း တာဘဲနော် "" သားငယ် ..ဘာမှတွေးမနေနဲ့ တော့ ဆေး
တွေလဲသွင်းထားတာ အိပ်ပျော်အောင်အိပ်
လိုက်အားလုံးကို ဒီအမေက ဖြေရှင်းပေးပါ့မယ်
အကုန်လုံးအတွက်အဖြစ်သင့်ဆုံးကို တွေးထား
ပြီးပြီဒီတစ်ခါတော့ Omma ရဲ့စကားကိုသား
နားထောင်မှကိုဖြစ်မှာ ..."" ဟုတ်ကဲ့ သားခဏအိပ်လိုက်ဦးမယ်နော် "
အခန်းတံခါးပွင့်လာတော့ သူ့ကိုများဝင်ခွင့်
ပေးမလား မျှော်လင့်မိပေမဲ့ အထဲတောင်
ချောင်းကြည့်လို့မရအောင်တံခါးကိုပြန်
ပိတ်လိုက်ပြီး ......
YOU ARE READING
✨အိမ်ဦးနတ် ✨
Romance*SeBaek with his children & to solve the problems of Married Life* ⚠️ Reading List တွင် OTP မှန်အောင်ထည့်ပေးပါ မကြိုက်လျှင် မဖတ်ပါနဲ့ SeBaek fic ပါ ရှင် ⚠️