🐶Part -39 🐥

2.1K 120 12
                                    

Unicode 🐣🐶

" ကျွန်တော့်သမီးကို ပြန်လာခေါ်တာပါ "

" မြေးမလေးမရှိဘူး..Sehun က သူသွား
လေရာသူ့သမီးကိုခေါ်သွားတယ် အခုလိုမျိုးလာလုမှာကြိုသိနေလို့တူပါတယ် "

" ဟုတ်လား ဟက်.. Sehun က
ကော ဘယ်မှာလဲ သူ့ အလုပ်မှာ
မရှိလို့ အိမ်မှာရှိနေမယ်ထင်တာ"

မကောင်းတတ်လို့အိမ်တံခါးဖွင့်ပေးရတာ
ဒီကောင်လေး ရောက်တာနဲ့ သူ့သမီးကို
တောင်းနေတာမသိရင်ကိုယ်တွေကလုထား
တာကျနေ ဝတ်လာတာကလဲ ဘောင်းဘီ
ပေါင်လယ် ဆံပင် ကလဲခရမ်းရောင်နဲ့
သူ့ကိုယ်သူ လူပျိုလေးများမှတ်နေလား
နဲနဲလေးမှ အကောင်းမြင်ပေးလို့မရ
ကိုယ့်အိမ်ကသားကို ပြောလို့မနိုင်လို့သာ
လက်ခံခဲ့ရတာ

" ဘယ်သွားလဲမသိဘူးဒီကောင်က
အိမ်မှာအမြဲနေနေတာမဟုတ်ဘူး"

' အရင်ထဲက Sehun ဖေဖေက သူ့ကို
သဘောမကျပါ မင်္ဂလာပွဲလုပ်ပေးတာလဲ
Sehun မေမေက အတင်းတိုက်တွန်းလို့
သာဆိုတာသူကောင်းကောင်းသိပါတယ်
အခုလဲသူလာတာကို မကြည်ဖြူသလို
မျက်နှာနဲ့ စကားပြောတာကလဲမာထန်
နေလိုက်တာ အဲ့ယောက်ခထီးကိုလုံးဝကိုသဘောမကျတာ ဘယ်လိုမှ အကောင်း
မြင်ပေးလို့မရ ဟွင့် မုန်းလိုက်တာ '

" ဟုတ်ကဲ့ ဦးလေး နားလည်ပါပြီ "

မျက်နှာကြောမတည့်သူမို့ စကားခပ်
ပြတ်ပြတ်ဘဲပြောပြီးပြန်ဖို့ရည်ရွယ်
လိုက်ပေမဲ့ နောက်ကနေ ပြောလိုက်တဲ့
စကားသံကြောင့်ပြန်လှည့်ပြီး

" အိမ်ကသားနဲ့ ကွာရှင်းတဲ့ကိစ္စပြတ်
ပြတ်သားသားလေးလဲလုပ်ပေးဦးနော်
မင်းအတွက်စိတ်မကောင်းပေမဲ့ သူလဲ
သူ့ဘဝ အသစ်ဆက်စရာတွေရှိသေး
တယ်ကွာ "

" ဦးလေး ဘာကိုဆိုလိုချင်တာလဲ ဘယ်သူ
က ကွာရှင်းမယ်ပြောလို့လဲ Sehunကလား"

" အော် ခက်နေပြီ မင်းနဲ့တော့မင်းဘဲ
ငါတို့သားကိုမုန်းလို့ အိမ်မှာတောင်မ
နေနိုင်ဖြစ်နေတာမလား ပြီးတော့မင်း
က မြေးလေးကိုလဲလက်မခံနိုင်ဘူမလား
အဲ့တော့ မကွာရှင်းဘဲဘာလုပ်ကြမှာလဲ"

သူတို့ကိစ္စကို အစွမ်းကုန်ဝင်စွက်ဖက်ချင် နေတဲ့ ယောက်ခထီးကိုဒေါသမထိန်းနိုင် ဖြစ်လာတာကြောင့် ငိုသံပါစွက်လာကာ

✨အိမ်ဦးနတ် ✨         Where stories live. Discover now