🐣Part23🐶

3.3K 244 20
                                    

Unicode 🐥🐶

သူ့မြေးတွေကို ပုံပြင်ပြောပြပြီးသိပ်ချင်တယ်
ဆိုတာကြောင့် Baekhyun အငယ်ပိစိလေး
ကိုသာ နို့ဘူးတိုက်ပြီး သိပ်နေရတယ် သမီး
ငယ်က သေသေချာချာ အိပ်မပျော်သေးရင်
အသံလေးနဲနဲကြားတာနဲ့ ထထ ငိုတတ်လို့
သူ့ကို ဂရုတစိုက်သိပ်နေရတယ်

" ဖွားဖွား ဖွားဖွား .....

" ပြောလေ မြေးတို့ ...

" ဟိုဟာလေ ...ဒယ်ဒယ်ကို သတိရတယ်
သားတို့ဆီကို မလာတာ ဖွားဖွားမကြိုက်
လို့တဲ့ ....

" ဒယ်ဒယ်ကို အိမ်ရာခိုင်းလိုက်ပါနော်ဖွားဖွား
သားသားတို့ လွမ်းလို့ပါ "

" ဟုတ်ပါပြီ နောက်ရက် ဖွားဖွား ဖုန်းဆက်
လိုက်မယ် အခုအိပ်တော့နော် မြေးတို့အာပါး
လာကြည့်လို့ မအိပ်သေးရင် အဆူခံနေရ
ဦးမယ် "

" ဟုတ်ကဲ့ ဖွားဖွား

သူ့တို့အဖေ ကိုတွေ့ရမယ်ဆိုတာနဲ့
ခဏလေး အိပ်ပျော်သွားတဲ့ မြေးလေး
တွေကို ကြည့်ပြီး သူလဲတကယ်စိတ်
ထဲမကောင်းဘူး မြေးတွေတင်မကပါဘူး
သားငယ်ကလဲ အဆင်ပြေပုံမရတာကို
အတင်းကြိုးစားပြီး လုပ်ယူနေတာ သူ
ကောင်းကောင်းသိတာပေါ့ တစ်ခါ
တစ်လေ သူ့သမီးလေးကို ထိန်းနေရင်း
ကျိတ်ငိုချင်ငိုနေတတ်တာ အင်း ကလေး
တွေကလဲ ခက်ပါတယ် အသက်ငယ်ငယ်
နဲ့ အိမ်ထောင်ကျကျတော့ တချို့ကိစ္စတွေကျ
အချစ်ဘဲရှေ့တန်းတင်ပြီးကောင်းကောင်း
မဖြေရှင်းနိူင်ကြဘူးရယ် မြေးလေးတွေဘဲ
ကြားထဲကနေသနားဖို့ကောင်းလိုက်တာ

ကလေးတွေ သိပ်ပြီး အခန်းမီးမှိတ်ပေးကာ
ဘုရားရှီခိုးနေစဉ် ........

" ယောက်ခမကြီးမေမေ ....တံခါးလေးဖွင့်
ပေးပါဦး...အွတ်....ဟန်နီချစ်ချစ်လေးရေ
ဒီက မင်းယောင်္ကျား ကို လာကြည့်ပါဦးလို့....

အိမ်ရှေ့မှာလာပြီးဆူညံနေတဲ့ သူ့ကြောင့်
မေမေလဲအိမ်ရှေ့ထွက်လာပါရောကလေးတွေ
မနိုးခင်ဒင်းကို အမြန်နှင်ထုတ်ရမည်

" သားငယ် အပြင်မှာ လူကြားလို့မကောင်းဘူး
တံခါးဖွင့်ပြီး ခေါ်လိုက် "

" မခေါ်ဘူး မေမေ သားရဲတိုင်မလို့ အဲ့ဒါလာ
နှောက်ယှက်နေတာ တစ်ခါခေါ်ကြည့်သူ
က အိမ်ပေါ်ကနှင်ထုတ်မှရမှာ မေမေမရှိတုန်း
ကလဲ အဲ့လိုဘဲ အကြောင်းမရှိအကြောင်းရှာ
အိမ်ကို လာလာနေတာ "

✨အိမ်ဦးနတ် ✨         Where stories live. Discover now