🐶 Part 16🐥

3.3K 266 40
                                    

Unicode 🐥🐶

" အား .....နာလိုက်တာ အိုးမား
မရိုက်နဲ့ တော့ သားက ကလေး
မဟုတ်တော့ဘူး "

အိုမားOh ကြက်မွှေးနဲ့ လိုက်ရိုက်နေတာကို
အရပ်ရှည်ရှည်မျောမျောမှအားမနာပတ်ပြေး
နေသော အိုဆယ်ဟွန်းလေး

" လူကြီးဖြစ်နေလဲ မဟုတ်တာလုပ်ရင်
အရိုက်ခံရမှာဘဲ ငါတို့Baekhyunieeလေး
ကို ရှေ့ဆက်ဘယ်လိုမျက်နှာပြရမလဲ နင်
ကများ ကလေးနှစ်ယောက်ရှိတာတောင်
ဖောက်ပြန်ချင်သေး တော်တော်မကောင်း
တဲ့ကောင်ဘဲ "

" မဟုတ်ပါဘူးဆို သူပြောတာဘဲယုံမနေ
နဲ့ သားကမဟုတ်ပါဘူးပြောနေတာ အိုးမား
သားက ဘယ်သူလဲ တကယ်ဘဲ "

" အမလေး ငါတို့ကိုများ မျက်စိတွေနားတွေ
မပါတာကြတွေနေတာဘဲ "

" Jenny က ဥက္ကဌ ကျန်းရဲ့သမီးမို့စောင့်ရှောက်
ပေးတာပါဆို သူ့ပါးပါးဆီက အကူအညီတွေ
အများကြီးရခဲ့ဖူးတယ်လေ အိုမားရဲ့Baekhyun
က အလကား သဝန်တိုပြီးလျှောက်ပြောနေတာ
အိုမားသူပြောတာ မယုံနဲ့ "

" အဲ့ဒါဆိုဘာလို့မင်းလက်ကိုသူက ချိတ်ထား
သေးလဲ သူက သုံးနှစ်မို့လို့လား လမ်းလျှောက်
သင်နေလို့လား "

" အိုမားကလဲ ဒါကတော့ လူဆိုတာအလိုက်
အထိုက်ရှိရတာပေါ့ သူကသားကိုတအားလေး
စားတာဆိုတော့ အစ်ကိုလိုခင်လိုု့ ခင်ခင်မင်
မင်နေတာပါ အဲ့လောက်အသေးစိတ်ကြီး
လိုက်တွယ်ကပ်နေလို့ မရဘူးလေ "

" မုန့်ကကော ဘာကိစ္စ ခွီ့ကျွေးတာလဲ
သူ့က လက်မရှိလို့လား "

" အိုးမားကလဲ သူများသားသမီးအချော
အလှလေးကို လက်မပါဘဲနေပါ့မလား
သားက ကိုယ့်ညီမလိုသဘောထား
လို့ အဲ့စိတ်နဲ့ ခွီ့ကျွေးတာ တခြားစိတ်
လုံးဝမရှိဘူး "

" နင့်အပြုအမူတွေ ဆင်ခြင်လေ လုပ်နေ
တာတွေကမဟုတ်ဘဲ ဘာမှဆင်ခြေ
တွေပေးမနေနဲ့ "

" အိုမားကလဲ ဒီသားလေးတစ်ယောက်ဘဲ
ရှိတာ မယုံမကြည်နဲ့ ဟွင့်အိုမားကို သား
စိတ်ကောက်ပစ်မှာနော်"

" တကယ်ဘဲ ကလေးနှစ်ယောက်အဖေ
ဖြစ်တာတောင်မရင့်ကျက်သေး ဒါနဲ့များ
သူများ သားသမီး ကိုစောင့်ရှောက်ချင်
သေး အပိုတွေ ငါမသိဘူး ထင်မနေနဲ့
ဆက်ပြီးစောင့်ကြည့်နေမှာ ဒါဘဲပြော
မယ် သွား အိမ်ပြန်ပြီးကလေးတွေ
ကူထိန်းပေးလိုက် "

✨အိမ်ဦးနတ် ✨         Where stories live. Discover now