(Part-9) Zawgyi /Unicode

3.2K 138 14
                                    

Zawgyi
••••••••••

"ဘယ်မှာလဲ ငါ့ကလေး...!"

ဆည်းလည်းသူ့ကိုတိုက်ပြီးအိမ်ထဲဝင်သွားတဲ့လူကြောင့်ထိတ်လန့်သွားပီး နောက်ကအမြန်လိုက်သွားမိသည်။အခုတော့သူစိုးရိမ်နေတဲ့အတိုင်းရောက်လာခဲ့ချေပြီ။

ထွဋ်လွှား ထိုလူရှိမဲ့ နေရာကို စုံစမ်းပြီးဒီအထိရောက်လာခဲ့တာပင် ဘယ်သူကတွေးမိမှာလဲ သူ့ လိုလူတစ်ယောက်က ဒီလိုတောရွာမှာနေနေမယ်လို့ 
ဘိုးဘိုးကပါ သူ့ကိုနှောင့်ယှက်နေလို့ ဒီလောက်အချိန်တွေကြာသွားရတာပင်။ အစကသူထွက်သွားပေမဲ့သူ့ကိုမုန်းနေပြီမို့ဂရုမစိုက်လှည့်မကြည့်ပဲ ထားထားပစ်ခဲ့၏ ။
သူ့ဆီက ထပ်ပြီးထွက်ပြေးခဲ့မယ်ဆို ခွင့်လွှတ်မှာ
မဟုတ်ဘူး လို့ ပြောခဲ့ သည်မှတ်လား
သူ့စကားကိုနားမထောင်တဲ့လူကိုသိပ်မုန်းသည်။
ဒါပေမဲ့ သူ့ကလေးကပါဗိုက်ထဲ
ပါသွားတာကြောင့်အခုလိုလိုက်ရှာနေရခြင်းပင်
သူ့ဘိုးဘိုးကြောင့်သာအချိန်တွေဒီလောက်နောက်ကျကုန်တာ ဘိုးဘိုးကသူ့ကိုလွှတ်ပေးလိုက်တာလဲသိသည်။ဒါမဲ့ ဒီအထိပါ ပတ်သတ်နေမယ်ဆိုတာမထင်ထားခဲ့ အနည်းဆုံးသူ့ကောင်လေးဆီပြေးသွားမယ်ထင်ခဲ့တာလေ

ထွဋ်လွှား အိမ်ထဲဝင်သွားတော့ သနပ်ခါးကျောက်ပျဉ်ရှေ့ တည်တည်ငြိမ်ငြိမ်နဲ့ ထိုင်နေတဲ့ ကလေးတစ်ယောက်ကိုတွေ့ 
လိုက်ရသည် သူသေချာကြည့်လိုက်ဟား.! တကယ်ကိုသူငယ်ငယ်ကရုပ်အတိုင်းပဲ ဒါကသူ့သားလေးပေါ့
သူပွေ့ ချီ လိုက်တော့ ချက်ချင်းကိုငိုချလာသည်။

"ပါးပါးတားတားကိုခေါ် လူချိုးကြီး ယာဖမ်းလေယို့ "

"လွှတ်စမ်း.. ထွဋ်လွှားမောင် ငါ့သားကို "

ဆည်းလည်း ထွဋ်လွှား ပွေ့ခေါ်ထားတဲ့ သားကိုဆွဲလုနေပေမဲ့
ထွဋ်လွှား ရဲ့လက်တစ်ဖက်က သူ့လက်ကောက်ဝတ်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင် လိုက်ပြီး

"ငါ့သား?... ဒါကျုပ်ကလေးမှတ်လား!"

"မဟုတ်ဘူး!"

"ဘာတွေလာညာနေတာလဲ!!"

"ပါပါးကိုအော်နဲ့ "

သူ့ပါးပါးကို အော်လို့  တဲ့ သူ့မျက်နှာကိုအတင်းရိုက်နေတာ တကယ်ကိုအဖေချစ်သားလေးပဲ

T༙o༙x༙i༙c༙ l༙o༙v༙e༙(Completed) Where stories live. Discover now