Zawgyi
•••••••••••"မင်းကများ.... ငါ့ကလေးကိုခိုးယူရဲတယ်ပေါ့ အခုချက်ချင်း ဆည်းလည်းခြူး အကြောင်းကိုတစ်ခုခုသိရအောင်စုံစမ်းခဲ့ ”
ထွဋ်လွှားမောင် မကြာခင်ကမှ မတော်တဆ ဆရာဝန်နဲ့ဆုံပြီး ဆည်းလည်းဆီ သူ့ကလေးပါသွားခဲ့သည်ကိုသိရသည်
ဒီလောက်ထိကြာအောင်သူမသိခဲ့ရ ခုချိန်လောက်ဆိုသူကလေးကိုမွေးပြီးလောက်ရောပေါ့
သူ့လိုနူးညံ့တဲ့လူတစ်ယောက်က ကလေးကိုမသတ်ရက်ဘူးဆိုတာ ထွဋ်လွှား သိသည်
ထွဋ်လွှား အိမ်ပြန်ရောက်တော့ဗလာကျင်းဖြစ်နေတဲ့သူ့အခန်း ဒီလောက်မထွက်သွားဖို့ အတန်တန်တားခဲ့တာတောင်ဆည်းလည်းသူ့ဆီကထွက်ပြေးသွားတာကြောင့်
သူ့ကို နာကျည်းနေတဲ့စိတ်ကြောင့်လိုက်မရှာခဲ့ ခုတော့ ထိုသို့ မဟုတ်တော့ပေ"ငါ့ဆီက တစ်ခုခုခိုး ယူလိုက်ရမှကျေနပ်ရတဲ့ပုံပဲ "
ထွဋ်လွှား မျက်လုံးတွေက သိန်းငှက်တစ်ကောင်လိုစူးရဲနေပြီး ထိုလူကိုအမှုန့်ကျိတ်ချင်စိတ်တဖွားဖွား...
မင်းကိုမတွေ့တွေ့အောင် လိုက်ရှာမယ်!
မင်းက သနားဖို့ မကောင်းတဲ့လူပဲ ဆည်းလည်းခြူး**********
"သားလေးရေ ထွဋ်ဦးခိုက်စေလွှား"
ဆည်းလည်း ထွဋ်လွှား ရဲ့ အဘိုးရဲ့ အကူအညီဖြင့်ထိုအိမ်ကထွက်လာနိုင်ခဲ့ သည်။ ထိုနေ့ ကသူရိုက်ထားတဲ့ဒဏ်ကြောင့်ကော အားနည်းနေတဲ့ ကိုယ်ကြောင့်ဆည်းလည်းသတိလစ်သွားခဲ့ရသည်။ သတိရလာတော့ဘေးမှာဆရာဝန်ကရှိနေပြီး သူ့ကို ကိုယ်ဝန်ရှိနေသည့်အကြောင်း ပါပြောခဲ့သည်။ မကြာခင်မှာပဲ ထွဋ်လွှား ရဲ့အဘိုးရောက်လာပြီး သူ့ကိုဘာဖြစ်ချင်လဲဆိုတာတိတိကျကျမေးတော့ သူအိမ်ကထွက်သွားချင်တဲ့အကြောင်းကိုပြောပြတော့လဲသူ့ကို နားလည်ပေးခဲ့သည်။ထွဋ်လွှားမောင် က သူ့မိန်းကလေး ကျောင်းတက်ဖို့ကိစ္စနဲ့ နိုင်ငံခြားသွားဖို့ လိုနေတာကြောင့်သူပါ သူ့မိဘတွေကိုတွေ့ဖို့ပါ တစ်ခါတည်း
ဟိုကိုလိုက်သွားတာကြောင့်အိမ်မှာမရှိပေ
ဘိုးဘိုးကတော့ဗိုက်ထဲကကလေးကိုတော့သေချာဂရုစိုက်ပေးဖို့မှာကြားခဲ့ပြီးအတော်ဝေးလံတဲ့တောရွာလေးမှာ နေထိုင်စေခဲ့သည်။ ကလေးမီးဖွားဖို့ ၂ပတ်ကြိုတင်ပြီးမြို့တက်ကာဆေးရုံမှာ နေရသည်။ အဖော်ဆိုတာလဲ မရှိသလို သူကလဲ ဘာမှမမက်မောနေ ဆည်းလည်းအစက ဖျတ်ချဖို့ တွေးပင်မဲ့ ထိုလူရဲ့ ၀မ်းနည်းနေတဲ့ မျက်လုံးတွေကိုမြင်ယောင်လာမိတော့ သူမလုပ်ရက် သူကိုယ်တိုင်လဲ သိရင်ခွင့်လွှတ်မှာမဟုတ်သည်ကို ဆည်းလည်းသိသည်။မေမေကလဲ ရာသက်ပန်တရားစခန်းဝင်သွားသည်မို့ သူ့မှာတစ်ယောက်ထဲသာဖြစ်နေရသည်။
YOU ARE READING
T༙o༙x༙i༙c༙ l༙o༙v༙e༙(Completed)
Dragoste(Asshole/Possessive types) 🚫❕ Crd cover photo ✔ 5.2.2022/15.2.2022