(Part-13) Zawgyi /Unicode

2.8K 120 11
                                    

Zawgyi
••••••••••

ထွဋ်လွှား သူ့ရင်ခွင်ထဲက အသက်ရှုသံမှန်မှန်နဲ့အိပ်ပျော်နေတဲ့လူကိုလွှတ် ပြီး ထလာမိသည်။ ညနေက ဆည်းလည်းပြောင်းလဲသွားတဲ့ အမူအရာတွေကဘာကြောင့်လဲဆိုတာ သူ ကြည့်ရအုံးမည်မှတ်လား CCTVကိုသူ့စာကြည့်ခန်း(အလုပ်ခန်းနဲ့ )သုမဒီ အခန်းကလွဲပြီး ကျန်တဲ့နေရာတွေအကုန်တပ်ထားတာပင်

“ဒီကိစ္စနောက်ကွယ်ကလူက
ဘယ်သူဖြစ်ဖြစ်ငါခွင့်မလွှတ်ဘူး ”

ထွဋ်လွှားသူ့ကွန်ပျူတာကိုဖွင့်လိုက်တော့
အခန်းတိုင်းက ရှိနေတဲ့ CCTV record တွေ
သူ့အခန်းက ဆည်းလည်းပုံရိပ်နဲ့ မှတ်တမ်းကိုဖွင့်လိုက်တော့
သူထွက်သွားပြီးသိပ်မကြာ သူ့ဖုန်းလာနေတာကြောင့်ဆည်းလည်းက ကိုင်ရလားမကိုင်ရလားတွေဝေနေပုံရသည်
ဆည်းလည်း တစ်ခုခုကိုဆုံးဖြတ်ချက်ချသလို သက်ပြင်းချပြီး သူ့ဖုန်းကိုကိုင်လိုက်တော့ တစ်ဖက်က ဘာပြောနေလဲ မသိ ဆည်းလည်းရဲ့မျက်နှာပေါ်က ကြောက်လန့်မှုတွေအပြည့်
မကြာသူ့ဖုန်းကိုနံရံပေါ်ပစ်ပေါက်ခွဲလိုက်သည်
ထွဋ်လွှား ဆည်းလည်းရဲ့
မျက်နှာကိုသာစူးစိုက်ကြည့်နေမိသည်။
ထွဋ်လွှား ၀င်လာတုန်းက ကြောက်ရွံ့နေခဲ့တာဒါကြောင့်လား
တကယ်ပဲ ဘာတွေဖြစ်နေတာလဲ သူက တကယ်ပဲ ဆည်းလည်း ပြောသလိုသူက လုံခြုံမှုမပေးနိုင်တဲ့လူမျိုးလား ကွန်ပျူတာကိုပိတ်ကာ သူ့ အိပ်ရာဘေးနား ထိုင်ပြီး ဆည်းလည်းမျက်နှာနုနုလေးတွေပွတ်သပ်နေမိသည်။
ဘာအပူအပင်မှမရှိပဲ နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့သူ့ပုံစံ ဒီလောက် သဘောကျဖို့ကောင်းသည်ကို ထွဋ်လွှား မသိခဲ့
အရင်က ဒီလူ့  အပေါ်သူသိပ်ရူးသွပ်ခဲ့သည်ပဲ
အမှန်တိုင်းပြောရရင် ခုချိန်ထိသူ ဆည်းလည်းကိုမုန်းနေတယ်ပြောနေပေမဲ့ သူ့စိတ်က ထိုသို့မဟုတ်မှန်းသူသိသည်
ဟူး... တကယ်ကိုပဲ မင်း ကဘာလေးလဲ ဆည်းလည်း
ငါတော့ မင်းကြောင့်ထပ်ပြီး လူဆိုးလုပ်ရအုံးမယ် ထင်တယ်
ထွဋ်လွှား  အိပ်ယာပေါ်တက်ကာအိပ်လိုက်တော့ ထိုလူကလူးလွန့်လာပြီး သူ့ရင်ခွင်ထဲ အတင်းတိုးဝင်ကာပြန်အိပ်ပျော်သွားသည်
ထွဋ်လွှား သူ့ရင်ခွင်ထဲက မျက်နှာကိုပွတ်သပ်ရင်းစကားတိုးဖွဖွ ပြောနေမိသည်

T༙o༙x༙i༙c༙ l༙o༙v༙e༙(Completed) Where stories live. Discover now