Zawgyi
_______“မောင့်ကိုချစ်ဖို့မွေးဖွားလာပါမယ် အကြင်နာတွေနှစ်တစ်တစ်ရာတိုင်မပြယ် အမေ့... အမ် မောင် ငါ့မှာလန့်သွားတာပဲ”
ထွဋ်လွှား အလုပ်ကပြန်လာတော့ အိမ်ထဲမှာ ဂိမ်းဆော့နေတဲ့ သားလေးကိုတွေ့လိုက်ရသည်။
သားအတွက်ရေခဲမုန့်ကိုမြှောက်ပြလိုက်တော့ လက်မထောင်ကာ ဒက်ဒီကိုချစ်တယ်ပြီးပြောတော့သည်။
သားက သူ့အဖေမီးဖိုခန်းထဲရှိနေသည်ဆိုသောစကားကြောင့်
အမြန်ပင်မီးဖိုခန်းထဲလျှောက်လာခဲ့သည်။သူ့ရဲ့ချစ်စရာကောင်းတဲ့ အိမ်သားလေးကိုတွေ့ရဖို့မစောင့်နိုင်တော့ပါ။စနေနေ့မို့ 
အိမ်စောစောပြန်လာခဲ့ပြီးမနက်ဖြန်တော့ သူတို့မိသားစုလျှောက်လည်ဖို့တွေးထားကြသည်။သူတို့တွေအပြင်မထွက်တာဘယ်လောက်ကြနေပြီလဲ။
မီးဖိုခန်းထဲရောက်တော့ တွေ့ပါပြီ သီချင်းလေးဆိုရင်း လှုပ်တိလှုပ်တဲ့ ဖြစ်နေတဲ့ ကျောပြင်ငယ်လေးက ထွဋ်လွှား ကိုရူးသွပ်စေဖို့လုံလောက်ချေပြီ။
ထွဋ်လွှား နောက်ကျောကနေပွေ့ဖက်လိုက်တော့ အလန့်တကြားဖြစ်သွားတဲ့ပုံစံလေးက ထွဋ်လွှား ကိုရူးအောင်လုပ်နေသလိုပင်။“မောင်! ”
“ဗျာ”
အသံစွဲပြီး ဗျာ ဟုထူးနေတဲ့ခင်ပွန်းဖြစ်သူကို ဆည်းလည်းခေါင်းကိုအနည်းငယ်လှည့်ကာပြုံးပြလိုက်သည်။
“ဒီနေ့စောသလိုပဲ”
“ဟုတ်တယ်”
မောင် ကပြောပြီးပခုံးပေါ်မေးတင်ကာ လည်တိုင်ကိုနမ်းရှိုက်နေတော့သည်။
“မောင်! ငါရေမချိုးရသေးဘူးမလုပ်နဲ့”
ဆည်းလည်းက ထမင်းဟင်းတွေမချက်ပြီးသေးတာမို့ချွေးတွေနဲ့နံစော်နေမှာပင်။ ဒါကိုမောင်ကသူ့ကိုနမ်းရှိုက်နေတော့ ဆည်းလည်း အားနာရပါသည်။
"တော်ပြီလို့! "
ဆည်းလည်းက ခေါင်းကိုအသာစောင်းပြီးလည်တိုင်ဆက်မနမ်းရှိုက်ဖို့တားမြစ်လိုက်သည်။
"ဆည်းလည်းကလဲ မောင်ကမင်းကိုချစ်လို့လေ မောင်မရွံတက်ပါဘူးဘာလဲငြိုငြင်တာလား"
YOU ARE READING
T༙o༙x༙i༙c༙ l༙o༙v༙e༙(Completed)
Romans(Asshole/Possessive types) 🚫❕ Crd cover photo ✔ 5.2.2022/15.2.2022