(Part-11) Zawgyi /Unicode

3.1K 128 14
                                    

Zawgyi
•••••••••••

“မောင်လို့ !!”

ဆည်းလည်းနောက်လှည့်ကာ ထွဋ်လွှားမောင်
ကိုအော်ခေါ်နေသော်လည်း ဟို က သူ့ကိုပြူးကြောင်ကြောင်သာကြည့်နေသည်။

“ငါ့ကိုခေါ်တာလား”

ကိုင်ထားတဲ့ဖောင်တိန်နဲ့ သူ့ရင်ဘတ်နားထိုးပြပြီး သူ့ကိုခေါ်တာလား မေးနေသေးသည်။

“ဟုတ်တယ် သုမဒီ က မောင့်ကို စားဖို့... အာ. နေ့လည်စာစားဖို့တဲ့လေ ”

“ခန... ”

ကြည့်နေတဲ့စာရင်းတွေကိုပိတ်ပြီးထလာဖို့
လုပ်နေတဲ့ ထွဋ်လွှား ကြောင့်
ဆည်းလည်းအမြန်ပင်စကားဖြတ်ပြောလိုက်ရသည်။

“သူမအားလောက်ဘူးထင်တယ် သားလေးလဲ ဗိုက်ဆာနေလို့ သူသားကိုထမင်းကျွေးရအုံးမှာ ဟုတ်တယ်မှတ်လား "

ထွဋ်လွှား အူကြောင်ကြောင်နဲ့ သားကိုကြည့်လိုက်ပြီး

"အမ်... ဟုတ်သားပဲ သားကို မေ့နေတာ ဗိုက်ဆာပြီလား သားသား"

သားလေး ကလဲဆည်းလည်းမျက်နှာကိုတစ်ချက်ကြည့်ပြီး

"အွန်း...ဒက်ဒိ "

"ဒါဆို မသွားနိုင်လောက်ဘူး သုမဒီ ဒီနေ့ကိုယ့်ဟာကိုသွားလိုက်နော်"

"အာဟုတ်ပြီ"

သုမဒီက သူ့  ကိုမကြည်ကြည့်ဖြင့်သာကြည့်ပြီးထွက်သွားသည်။ မကြာခင် မင်းမျက်နှာဖုံးကိုခွာချပြမယ်

"သွားမယ်လေ ဘာလို့တံခါးနားရပ်နေတာလဲ"

"အော် သွားမယ်လေ "

"သားလေးအတွက်အဆင်ပြေမဲ့ ဆိုင်ရွေးထား ကလေးကဘာကြိုက်တက်တာလဲ"

"သားက အရွက်ပဲကြိုက်တာ "

"ဟုတ်လား"

"အင်း အသားသိပ်မစားဘူး"

"အာဟာရမျှအောင်တော့ကျွေးလေ"

"ငါကျွေးပါတယ် "

"အင်း..."

***********

အရာအားလုံးက ပုံမှန်လိုအဆင်ပြေပြေရှိနေသည် သူနဲ့ကိုယ်က စကားသိပ်မပြော ဖြစ်ပေမဲ့ သူကတော့ သားလေးကိုအတော်ချစ်ပေးရှာသည်။
ဆည်းလည်း သူ့အခန်းထဲ သန့်ရှင်းပေးနေသည်
ထွဋ်လွှား ခနထဲ ကဘာတွေရှာနေမှန်းမသိ မျက်နှာပေါ်မှာချွေးတွေအပြည့်ဖြစ်နေပြီ

T༙o༙x༙i༙c༙ l༙o༙v༙e༙(Completed) Where stories live. Discover now