(Part-18) Zawgyi / Unicode

2.9K 117 0
                                    

Zawgyi
••••••••••

ဆည်းလည်းတကိုယ်လုံးနာကျင်မှူတွေနဲ့အတူနှိုးထလာခဲ့သည် မနေ့က ဘာစိတ်ကူးနဲ့ ထွဋ်လွှားမောင်ကို သွားစ လိုက်တာလဲ မသိ အခုတော့ သူထလို့တောင်မရတော့

အ့! 

သူတစ်ချက် ငြီးလိုက်တော့ ရေချိုးခန်းထဲက ပြေးထွက်လာတဲ့လူ

“အဆင်ပြေရဲ့လား”

ထွဋ်လွှားအပြင်က လူအသံကြားတော့ချက်ခြင်း ပြေးထွက်လာခဲ့သည် မနေ့ကအတော်များသွားတာမို့ သူထနိုင်မှမဟုတ် သူ့ကို ထူပြီး ခေါင်းကိုနှစ်ထပ်ခံကာမှီခိုင်းလိုက်တော့ သူ့ကိုမျက်စောင်းထိုးပြီးကြည့်လာသည့်ဆည်းလည်း ထွဋ်လွှား အသံတိတ်ရီကာနေလိုက်သည်။

“မင်းဒီနေ့ အပြင်မထွက်နဲ့တော့ ပြီးတော့မင်း”

ထွဋ်လွှား သူ့နားကိုကပ်ပြီးတော့

“မနေ့က မင်းတအားချစ်ဖို့ကောင်းတယ် ”

ပြောပြီးနားကို သူ့လျှာနဲ့လျက်သွားတဲ့ ထွဋ်လွှား ကြောင့်ဆည်းလည်းမျက်နှာပူလာကာ စောင်ကိုခြုံပြီး သူ့ကိုကျောပေးကာ လှဲအိပ်လိုက်သည်။

“သွားမယ်ဆို သွားတော့လေ ”

“အင်း... ညနေပြန်လာမှဆေးထည့်ပေးမယ်နော် ”

“သွားတော့ပါဆို ”

“ဟား... ဟား... ဟုတ်ပါပြီ ”

ထွဋ်လွှားရှက်နေတဲ့လူကိုကြည့်ပြီးအသည်းတယားယားဖြစ်နေသည်။ မနေ့က ဒီလူနဲ့ နှစ်ပါးသွားနေတာကြောင့် နိုင်ငံခြားကိုအလုပ်ကိစ္စနဲ့ခရီးသွားရမည်ကို မပြောပြလိုက်ရ ဘာဖြစ်ဖြစ် ညနေပြန်လာမှပြောလဲ ဖြစ်တာပဲ....

ဆည်းလည်းနေ့လည်လောက်မှအားတင်းကာ အောက်ထပ်ဆင်းခဲ့သည် သားလေးကိုလဲ မတွေ့ ခြံထဲပဲဆော့နေတယ်ထင်သည်။

“အယ်... အကိုလေး ထလာပြီလား အဆင်ပြေရဲ့လား”

“ပြေပါတယ်.....  ဒါနဲ့ သားလေးကကော”

“ကလေးလေးက ခြံနောက်မှဆော့နေတာ”

ထွဋ်လွှား က နောက်က စိုက်ခင်းတွေနား နားဖို့တဲအိမ်သေးသေးလေးလုပ်ထားတာပင်။

T༙o༙x༙i༙c༙ l༙o༙v༙e༙(Completed) Where stories live. Discover now