Zawgyi
••••••••••ဆည်းလည်း စောစောထပြီးမနက်စာပြင်ဆင်နေရသည်။အိမ်အကူတွေလဲဘယ်သူမှမရှိကြတော့ တကယ်ပဲ
သူ့ကိုခိုင်းဖို့ လုပ်ထားသည်ပဲ ဆည်းလည်း မနက်စာချက်ပြီး... ဟိုမိစ္ဆာကောင်အခန်းထဲဝင်ကာ လျော်ရမည့်အ၀တ်တွေသွားယူလိုက်သည်။ ဒီနေ့ ကနားရက်မို့ နေ့လည်ရောက်သည်အထိသူအိပ်နေမှာပင်။ ဆည်းလည်းသွားလေရာသံကြိုးရိုက်ခတ်သံတချွင်ချွင်ကိုကြားနေရလိမ့်မည်။ ဒီအသံကိုက ထွဋ်လွှားမောင်အတွက် သံစဉ်တစ်ပုဒ်လို နားထောင်လို့ ကောင်းနေလိမ့်မည်။“ပြီးရင် သွားတော့လေ ဘေးနားလာရပ်မနေနဲ့ ”
ဆည်းလည်း အိပ်နေတဲ့လူကိုရပ်ကြည့်နေတုန်းထွက်လာတဲ့စကားသံ
“ဟမ်... အော်... အင်း”
ဆည်းလည်းအ၀တ်လျှော်ပြီး ဧည့်ခန်းအတွင်းသန့်ရှင်းရေးလုပ်နေတုန်း အပေါ်ထပ်က ဆင်းလာသည့်သုမဒီ ဆည်းလည်း မေးစရာရှိသည့် ကိစ္စတစ်ခုလဲရှိနေတော့ သူမရှေ့ရပ်လိုက်တော့ သူ့ကိုကြည့်လာသည်။
“ဘာကိစ္စလဲ”
“မနေ့က ဝေဟင်ထက် လာတယ်ဆိုတာ ငါလဲ မသိရပါလား”
“အော်... အဲ့တာလား..သူလာတယ်လေ ”
"ထွဋ်လွှား ပြောမှငါသိရတာလေ ပြီးတော့ ဝေဟင်ထက်
လာတာ ငါမသိတဲ့ အပြင်ငါနဲ့တောင်မဆုံခဲ့ဘူးလေဒါကို ဘာလို့ ငါ့ကို ပြသာနာတက်အောင်လုပ်ရတာလဲ သုမဒီ"“ဟွန့်... ရှင်းရှင်းလေးပဲလေ မင်းကို ကြည့်မရလို့ပေါ့”
ဆည်းလည်းကိုရွဲ့ စောင်းပြီးကြည့်လာတဲ့သူမက ထွဋ်လွှား ရှေ့ ပြုံးပြနေတဲ့ပုံစံတခြားစီပင်
“ကြည့်မရလို့ ... တစ်ခုခုများ ပြသာရှိလို့ လား”
“ပြသာနာ မင်း ထွဋ်လွှား ရှိနေတာကိုက ပြသာနာပဲလေ ”
"ဒါက သူကိုင်တိုင် ငါ့ကိုချုပ်ထားတာလေ ငါနေချင်တယ်ထင်နေတာလား... "
“အယ်... မအော်ပါနဲ့ ထွဋ်လွှား သာမင်းသူ့ ဆီက ထွက်သွားဖို့ လုပ်နေတာသိရင်... ”
ရုတ်တရက် စကားလမ်းကြောင်းပြောင်းသွားတဲ့ သူမကြောင့် အံ့ဩနေမိချိန် သူ့နောက်ကနေ ကြားလိုက်ရတဲ့အော်သံတစ်ခု
YOU ARE READING
T༙o༙x༙i༙c༙ l༙o༙v༙e༙(Completed)
Romansa(Asshole/Possessive types) 🚫❕ Crd cover photo ✔ 5.2.2022/15.2.2022