Zawgyi
••••••••••ထွဋ်လွှား ရင်ခွင်ထဲက နွေးထွေးတဲ့ခံစားချက်ကြောင့်မျက်လုံးဖွင့်ကြည့်လိုက်တော့
“ဟင် ဆည်းလည်း ”
ထင်းထွက်နေတဲ့ နှာတံနဲ့ ကော့စင်းနေတဲ့မျက်တောင်လေး ပြီးတော့ သူသိပ်ရူးသွပ်ခဲ့ဖူးရတဲ့ နှုတ်ခမ်းလေး သူဒီနှုတ်ခမ်းကိုနမ်းရှိုက်ဖူးခဲ့လားတောင်သူမသိ
တွေးနေရင်း မသိစိတ်က နှုတ်ခမ်းပေါ်သူ့လက်နဲ့  ပွတ်သပ်နေမိသည်။အွင့်..
လှုပ်လှုပ်ရှားရှား ဖြစ်လာတာကြောင့် ထွဋ်လွှား သူ့လက်ကိုအမြန်ဖယ်လိုက်သည်
“ထွဋ်လွှား ”
“အင်း. ထတော့ ဘာလို့ လက်ပေါ်လာအိပ်နေတာလဲ ”
“ဆောရီး ”
ထွဋ်လွှား ထပြီး အလုပ်သွားဖို့ ပြင်လိုက်သည်။ ဒီတလော ဖုန်းဆက်နေတဲ့လူက ပေါ်မလာ ဒီတစ်ခါသူရအောင်ဖမ်းပြစ်လုပ်ထားသည်ကို ထပ်ပေါ်မလာတော့ ဖုန်းနံပါတ်ကို ခြေရာတော့လဲ ဖျတ်ဆီးလိုက်ပုံရသည် ဘာမှခြေရာခံမရ
“ညနေ ပါတီ ရှိတယ် နောက်ကျလိမ့်မယ် မစောင့်နဲ့ ”
“သောက်လာမှာလား”
“နည်းနည်းတော့ သောက်မှာပေါ့
မင်း အဆင်မပြေရင် သားနဲ့ အိပ်လိုက်”“အင်း”
******
ထွဋ်လွှား ပါတီကပြန်ရောက်တော့ ည၈နာရီပင်ထိုးနေချေပြီဒီအချိန် သားလေးက အိပ်နေလောက်ပြီ သူအခန်းထဲဝင်လာတော့
ဟင်!!
ကုတင်ပေါ်က သူ့အမြင် မှားနေလားဆိုတာ ပြန်ကြည့်ရသည်။မျက်လုံးကိုပွတ်ပြီးပြန်ကြည့်တော့လဲပြောင်းလဲ မသွား
“ဆည်းလည်း”
ဟင်!
ဆည်းလည်း.. ဆည်းလည်း ကဒီလို ပုံစံဝတ်ထားသည်ပေါ့
တကယ်ကို.... သူ့ အင်္ကျီအမဲရောင်ဝတ်ထားပြီး အောက် ကလဲ boxerလေးသာဝတ်ထားပုံရသည် ကိုယ့်အင်္ကျီက သူ့နဲ့ အတော်ကြီးနေတာကြောင့် ပေါင်ရင်းထိရှည်နေသေးသည်။ သူ့ကိုခေါ်သံကြားတော့ ထလာတော့ မြင်လိုက်ရသည့် ညှပ်ရိုးလေးတွေက ထွဋ်လွှား တံတွေးတွေမြိုချမိသည် စိတ်ထိန်းစမ်း သူ့ကိုမထိနဲ့
YOU ARE READING
T༙o༙x༙i༙c༙ l༙o༙v༙e༙(Completed)
عاطفية(Asshole/Possessive types) 🚫❕ Crd cover photo ✔ 5.2.2022/15.2.2022