(Part-19) Zawgyi /Unicode

3K 118 5
                                    

Zawgyi
••••••••••

“နိုးလာပြီလား ”

“ဟင် ထွဋ်လွှားမောင် ဘယ်လိုလုပ်ပြီး”

“မင်း လမ်းကြားမှာ သတိမေ့နေတာ တွေ့လို့လေ
တစ်ခုခုဖြစ်တာလား ”

အာ...

ဆည်းလည်း ဘေးဘက်ကိုကြည့်လိုက်တော့ သူဆေးရုံကိုရောက်နေပုံရသည်။ထွဋ်လွှား သူတို့  နှစ်ယောက်ကိုကောတွေ့လိုက်သေးလား တည်တည်ငြိမ်ငြိမ်ရှိနေတဲ့ ထွဋ်လွှားကြောင့် သူဘာမှမသိဘူးဟုသာဆည်းလည်းတွေးလိုက်သည်။

“တကယ်ကိုကလေးလိုပဲ စောင့်ခိုင်းနေတဲ့နေရာကိုစောင့်မနေဘူး
ခြေရှည်နေတယ် ပြီးတော့လဲ လူသူမရှိတဲ့နေရာမှာတစ်ယောက်ထဲ ဘာဝင်လုပ်တာလဲ”

“ဟို.. အဲ့တိုင်းပါပဲ ”

“အင်း ..ပြောရင်ဟိုဟိုဒီဒီ ပဲ သေချာဂရုစိုက်အုံး”

“အင်း.. ငါအခုဆေးရုံဆင်းလို့ရပြီတဲ့လား”

“ခင်ဗျားသက်သာရင်ဆင်းလို့ရပါပြီ ခေါင်းကိုက်တာတွေရှိလား ”

“ဟင့်အင်း”

“ကောင်းပြီ ခနနေ ဆရာဝန်လာမှ ပြောလိုက်တာပေါ့”

“အင်း”

အိမ်ပြန်လာတဲ့တစ်လျှောက် တည်ငြိမ်နေတဲ့
ထွဋ်လွှား ကိုကြည့်ပြီး ဆည်းလည်း ဘာမှမမေးရဲ တော်ကြာသူမေးလိုက်မှတပြန်စစ်မေးနေရင်ဘယ်လိုလုပ်မလဲ
အိမ်နားရောက်ခါနီးမှာတော့ရုတ်တရက်...

“နောက်တစ်ပတ် ၀တ်စုံသွားရွေးရအောင်”

“ဘာလုပ်ဖို့လဲ ”

“မင်းနဲ့ယူဖို့လေ ဆည်းလည်းခြူး မင်းတကယ်ပဲ စိတ်နဲ့ လူနဲ့ ကပ်ရဲ့လား ”

“ငါနဲ့ ယူဖို့ ”

“ခက်ပြီ ခင်ဗျား ကတော့”

အမ်...

“ကျွန်တော်နဲ့လက်ထပ်ရအောင်လို့ ”

“အယ်... ငါအခုလက်ထပ်ခွင့်တောင်းခံနေရတာလား”

အင်း

“မင်းနူးနူးညံ့ညံ့ပြောသင့်တယ်မထင်ဘူးလား ”

“ဒီလောက်ပဲ နူးညံ့နိုင်တယ်”

T༙o༙x༙i༙c༙ l༙o༙v༙e༙(Completed) Where stories live. Discover now