Unicode
ကျွန်တော်အမြဲတမ်းပြေးနေမိတယ်။
ကျွန်တော်ကြောက်တဲ့အရာတွေ၊ထိတ်လန့်တဲ့အရာတွေဆီကနေကျွန်တော်အမြဲတမ်းမရပ်မနားပြေးနေမိတယ်။တစ်ခါတစ်လေမှာကျွန်တော်ရပ်နားဖို့ကြိုးစားကြည့်ခဲ့သေးပေမယ့်ဒါဟာထင်သလောက်မလွယ်ကူမှန်းနောက်ဆုံးမှသိခဲ့ရတယ်လေ။ပြေးမှပြေးနေရပြီဆိုရင်တစ်သက်တာပြေးမှသာရမယ်ဆိုတာကိုကျွန်တော်အချိန်နှောင်းမှသိခဲ့ရတယ်။Bell rings . .
Ting Ting Ting*"Ok class ဒီနေ့တော့ဒီလောက်ပါပဲ အိမ်စာတွေလုပ်ခဲ့ကြပါ မနက်ဖြန်pre-testစစ်ပါမယ်.."
"အား..!!"
အခန်းထဲကဆရာမပြုံးကာထွက်သွားသည်နှင့်တပြိုင်နက်စတင်ကာဆူညံလာသော စာသင်ခန်းလေးထဲတွင်လော်ရီတစ်ယောက်ကတော့အိပ်ပျော်လို့နေလေသည်။ဘေးကလူတွေ၏စကားပြောသံ၊ဆဲဆိုသံ၊ပစ္စည်းတွေလျှောက်ပစ်ကာအပျော်အပျက်လုပ်နေကြသံတွေကိုကြားနေရပေမယ့် လော်ရီကတော့ငြိမ်းချမ်းစွာအိပ်မြဲအိပ်စက်လို့နေသည်။
နိုင်သံခြားသားတစ်ယောက်ဖြစ်တာကြောင့်ကောသူ့ေ*ာက်ကျင့်ကြောင့်ပါမည်သူမှသူ့အားအရေးတဝင်မဆက်ဆံကြ။ဘယ်နိုင်ငံကလာတာလဲလို့မေးရင် မဖြေတတ်သောကြောင့်လည်းပါမည်ထင်သည်။တကယ်ဘယ်နိုင်ငံကိုရွေးဖြေရမည်ကိုယခုထိမသိသေး။
"လော်ရီ...လော်ရီခွန်ဒါ..."
အနီးအနားမှအသံတိုးတိုးနှင့်ညည်းကာမိမိနာမည်ကိုခေါ်နေသောမိန်းမငယ်တစ်ယောက်၏အသံကို လော်ရီကြားနေရ၏။လော်ရီခေါင်းထောင်ကာစာသင်ခန်း၏နာရီကိုမော့ကြည့်လိုက်သည်။မျက်ဝန်းဖြူဖြူများနှင့်မျက်တောင်ဖြူများကတစ်ချက်လှုပ်ခတ်လို့သွားပြီးနောက်သူမျက်ခုံးတွေကိုတွန့်ချိုးပစ်လိုက်သည်။နီရဲလုနီးပါးဖြစ်နေသောနှုတ်ခမ်းပါးပါးလေးတွေကိုကြိတ်ကာခဲလိုက်ပြီး ခပ်နုနုစကားလုံးတစ်လုံးနှင့်ကြိမ်ဆဲလိုက်ပြီးလျှင်သူ၏ဆံပင်ဖြူဖြူတွေအားလက်နှင့်ဆုတ်ကာဖွာလိုက်ရင်းကိုယ်ကိုမတ်လိုက်သည်။
ကျီးကန်းတောင်ဝင်ဥလို့ရနိုင်ပေသော လော်ရီ၏ဆံပင်သိုက်လေးသည် ဆုတ်ဖွာကာနေသည်။မျက်ဝန်းချွန်ချွန်လေးတွေနှင့် မေးစေ့ဝိုင်းဝိုင်းတို့ဟာ လော်ရီ၏ဖြူကာဝင်းသောအသားအရည်နှင့်လိုက်ဖက်ပေသည်။မျက်ဆံကိုလှန်ကာ နာရီကိုအသက်မပါသောသူကဲ့သို့စိုက်ကြည့်လိုက်တော့ ဘေးနားကခေါ်နေသံကတုန်ကာရပ်လို့သွားသည်။
BINABASA MO ANG
T h e H e l l D i v i n e♡︎
Science FictionSometimes even 'Divine' can be a pure evilness. [This Fiction is all in 'Aeinthrazi's Imagination Universe' So don't you dare aimed at me]