PT { 1 }

715 38 1
                                    


( Zawgyi )

ကိုယ်မလုပ်ထားသောအမှားဆိုပေမဲ့လို့လည်း ဆရာကြီးရဲ့
အမျက်ဒေါသကြောင့် ဒူးထောက်နေရသည် ဒီကိစ္စတွေပြီး
သွားရင် တရားခံကိုရှာရမယ်လို့သူဆုံးဖြတ်ထားသည် ဒါ
ဟာဘယ်လောက်တောင်ကြီးမားတဲ့အပြစ်လဲ ဘယ်သူကများဘာလို့သူ့ကို ဒီလောက်ဖြစ်အောင်လုပ်လိုက်တာလဲ

"မင်းအမှားမင်းသိရဲ့လား"

"ဒါဟာအမှားဆိုတာသိပေမဲ့ တပည့်အမှားမလုပ်ထားပါဘူးဆရာ"

"လိမ်ရဲလိုက်တာ"

"မလိမ်ရပါဘူး"

တကယ်လည်းသူမလိမ်ပါဘူး ဆရာကသာမယုံတာ

"အမှားမသိရင်သိအောင်လုပ်ပေးမယ်"

"တပည့်အမှားမလုပ်ထားပါဘူးဆရာ"

"ဟင်းးး  အကြင်နာတရား ချစ်ခြင်းတရားတွေမထားနိုင်တဲ့
မင်းက နောက်တက်မဲ့ ဆက်ခံသူဆိုတာ လုံးဝမဖြစ်နိုင်ဘူး"

ဆရာက သူ့ကိုလုံးဝယုံတဲ့ပုံမပေါ်ပါ ဒီလိုဆိုပြန်တော့ ဆရာ့ရဲ့သိပ်ကိုထက်မြက်တဲ့ တန်ခိုးအစွမ်းတွေဘယ်ရောက်သွားလဲမသိ အမှန်ကိုတောင်မမြင်နိုင်ဘူးတဲ့လေ

"မင်းကိုငါ ကျိန်မယ်"

"ဆရာ"

သူတုန်လှုပ်သွားသည် ဆရာကပြောတဲ့အတိုင်းလုပ်တတ်သည် ပြီးတော့သူမလုပ်ထားတဲ့အမှားအတွက် သူကကျိန်စာတိုက်တာခံရမည်တဲ့လေ ယုတ်တ္တိ မရှိဘူးမဟုတ်လား

"ဆရာ တပည့်အမှားမလုပ်ထားတာတကယ်ပါ"

"တော်!! မင်းကိုငါကျိန်မယ် လူ့ပြည်မှာမင်းကျောက်တုံးဘဝနဲ့ရှင်သန်ရမယ် မင်းက ခံစားချက်မရှိတဲ့ကောင်လေမဟုတ်ဘူးလား မင်းကျောက်တုံးဘ၀နဲ့ နေရမယ် အဲ့တာငါကျိန်တာဘဲ"

သူသက်ပြင်းချလိုက်ပြီးမျက်ရည်တစ်ပေါက် ပါးပြင်ထက်မှသူဒူးထောက်ထားတဲ့ကြမ်းပြင်ဆီကို ကျဆင်းသွားသည်
ခံစားရပါသည် ပြောပြမတတ်အောင်လေ ကျောက်တုံးဘဝနဲ့ရှင်သန်ရမယ်တဲ့လား ဘာထူးလို့လဲ သေစေသတ်စေဆိုရင်တောင်မှ အဲ့ထက်ကောင်းလိမ့်မယ်ထင်အခုကတော့ ရှိနေရင်တောင်ကျော်သွားခံရမဲ့ဘဝမြင်နေရင်တောင် ဖယ်ရှားသွားခံရမဲ့ဘဝ ကျောက်တုံးတစ်တုံးရဲ့နှလုံးသားကို လူတွေကမြင်နိုင်လို့လား မာတယ်ထင်ပြီး ထုခွဲချင်ကြတာဘဲလေ

A Human Sculpture I createdWhere stories live. Discover now