PT { 7 }

210 28 0
                                    


( Zaw)

အီဟယ်ဝန်းတစ်ယောက် နာဂျယ်မင်းအား အဆင်ဟူရွေ့
ငမ်းနေရာမှ နာဂျယ်မင်းရဲ့ အကြောင်းစုံကိုပြောပြလိုက်
တဲ့အခါ တက်သွားရွေ့ ဆေးရုံရောက်လာခြင်း

"ဟယ်ဝန်း ဟယ်ဝန်း "

"မင်းညီမက သိပ်လန့်တတ်တာဘဲနော်"

"လန့်တာမဟုတ်ဘူး နှာခေါင်းပိတ်သွားတာ"

"ကိုကြီး ဟယ်ချန်းကလည်း အဲ့တာဆို သေသွားမှာပေါ့"

"ဒီလိုဟာမျိုး ရိုက်ပြီးသေခိုင်းရင်တောင်ျသမှာ မဟုတ်ဘူး"

အီဟယ်ဝန်းဆိုသည်မှာလေ သူ့အကြောင်းပြောမှန်းသိတာ
နဲ့ ချက်ချင်းကြီးကိုနိုးလာတော့တာပါဘဲ

"ဟဲ့ ဟဲ့ အမယ်လေး လန့်လိုက်တာ"

"ညီမလေး အတင်းပြောနေတာလား"

"ကြားရင်ပြီးတာဘဲလေ မရစ်နေနဲ့"

သိပ်ချစ်ကြတဲ့ ဟယ်ချန်းတို့ မောင်နှမကိုကြည့်ရင်း ဂျယ်မင်း
တို့မောင်နှမပါ ရယ်လိုက်ကြသည် ချစ်တာခြင်းတူပေမဲ့ ပုံ
စံခြင်းမတူ ဂျယ်မင်းနဲ့ယောလေးတို့ရဲ့ ချစ်ခြင်းဟာ ပိုးထည်
လေးလို နူးညံ့လွန်းသည် ဒါဟာလည်း သူတို့နေထိုင်ရာ
ကျင့်ဝတ်တွေနဲ့ ဆိုင်လိမ့်မည်ထင်သည် အဲ့ဒီ နူးညံ့တဲ့ချစ်
ခြင်းကြောင့်ဘဲ ယောလေးက အခု လူ့ဘဝမှာ သူ့ကြောင့်
နဲ့ အရိုက်ခံပြီး နေနေရတယ်လေ

"ကိုကို"

"ဘာလဲ"

"သူက တကယ်ရုပ်ထုကြီးလား"

"အေး ငါဟိုးနေ့ကယူလာတာလေ နင်တောင်မေးလိုက်
သေးတယ်မဟုတ်လား"

"အဲ့ညစ်ပေနေတဲ့ ကျောက်တုံးက ဒီလိုပုံစံ ထွက်တယ်ပေါ့
လေ"

"သူ့ပါသူတော့ ထွက်မလား နင့်ကိုကြီးတော်တာလေ"

ဂျယ်မင်းက ဟယ်ချန်းစကားကို စုပ်သတ်ရင်းဝင်ပြော
လေသည်

"အီဟယ်ချန်း ဘာမင်းနဲ့ဆိုင်တာလဲ မင်းခလုတ်တိုက်မှ
ငါနဲ့တွေ့တာပါ ဘာတဲ့ ငါ့ကိုများ သူ့ကိုမမြင်ဘူးလားတဲ့
ငါက မျက်လုံးပါလို့လား"

"ကဲ မင်းအခုကန်းနေလို့လား"

"အဲ့တုန်းက ကျောက်တုံးက မျက်စိပါမလား"

A Human Sculpture I createdWhere stories live. Discover now