PT { 9 }

224 27 0
                                    

(Zawgyi)

"ဟယ်ချန်းရေ ဟယ်ချန်း ထတော့"

"ဟယ်ချန်း အီဟယ်ချန်း"

အိပ်ကောင်းလွန်းနေလို့ထင်ပါရဲ့ ဟယ်ချန်းက တော်ရုံနဲ့
နိုးမလာသေး ညတုန်းကများ အတော်နောက်ကျသွားလို့
လား ဒါမှမဟုတ် ဟယ်ချန်းကအခုထိ သူ့ကိုစိတ်ဆိုးနေ
တုန်းဘဲမို့လား ဝေခွဲမရစွာ ဂျယ်မင်း စဉ်းစားနေမိသည်

"ငါ ညကအတော်လွန်သွားလို့လား"

ဘာတွေလွန်သွားတယ်ထင်လို့တုန်း သူတို့ပြန်လာတဲ့
ညနေကပေါ့ ပျော်ရွှင်စွာပြန်လာတဲ့သူတို့ကို ဟယ်ဝန်းနဲ့
ယောလေးက လက်ကြီးပိုက်ပြီးစောင့်ကြည့်နေလေရဲ့
သူတို့ဘဲအမှားလုပ်ထား သလိုလို

"ယောလေး ကြည့်လိုက်စမ်း ဘယ်လောက်တောင်ဖြစ်နေ
လိုက်လဲတွေ့လား"

"အရမ်းလှတဲ့မြင်ကွင်းလေးဘဲ"

အကဲဖြတ်သလိုကြည့်နေတဲ့ သူတို့ပုံစံတွေက ဂျယ်မင်း
တို့ကို ရပ်တန့်စေသည် နေပါဦး သူတို့ကဘာလုပ်ထား
လို့လဲ

"အဟမ်း အဟမ်း"

"ဘာလို့ အဲ့လိုကြီးကြည့်နေတာလဲ အီဟယ်ဝန်း"

"ညီမလေးအနေနဲ့လေ ဒီလောက်Romanticဆန်တဲ့
ပုံစံလေးကိုလေ အပြင်မှာ ပထမဆုံးမြင်ဖူးတာဘဲ"

"အခုလွှင့်နေတဲ့ ဇာတ်လမ်းထက် ကြည်နူးစရာကောင်း
တယ်လေ"

ဂျယ်မင်းကယောလေး နဖူးကိုစမ်းလိုက်ရင်း

"ယောလေး နေမကောင်းဘူးလား ဘာလို့ထူးဆန်းတဲ့
စကားတွေပြောနေတာလဲ"

"ကောင်းပါတယ် ကိုကိုရဲ့ အခုတော့ဖျားချင်လာပြီ"

"အီဟယ်ဝန်း နင်ငါ့ညီမလေးကို ဘာတွေသင်ထား
တာလဲ"

"ဒါမျိုးက သင်စရာမလိုဘူး အလိုအလျောက်ဖြစ်လာတာ
လို့ခေါ်တယ်"

ဟယ်ချန်းကတော့ ငြိမ်နေတုန်း

"ကျွန်မကိုကိုကလေ အခုထိ ဘယ်ယောကျာ်းလေးနဲ့မှ
ဒီလိုမပျော်ဖူးဘူး ကျွန်မကိုကို ကိုလေ အကို ဂျယ်မင်းလက်
ထဲအပ်ပါတယ်နော်"

အခုမှ နားလည်သွားတဲ့ဟယ်ချန်းက အီဟယ်ဝန်းကို သူ့
အိတ်နဲ့ ထုပါတော့သည် ဘယ့်နှယ့် ဒီလိုလေးပြေးတာ
တောင်မှ သူတို့က အကြီးကြီးတွေးနေသေးတယ်

A Human Sculpture I createdWhere stories live. Discover now