(Zaw)
ဘာလုပ်လို့လုပ်ရမှန်းမသိ ဘာပြောလို့ပြောရမှန်းမသိတဲ့
အခြေအနေမှာ ဟယ်ချန်းထွက်ပြေးချင်လွန်းပါသည် နာ
ဂျယ်မင်းက ဘာတွေစချင်နေပြန်တာလဲ သူကဒီတိုင်းစတာ
ဆိုပေမဲ့ ရင်ခုန်ရတဲ့သူက မသက်သာ"မင်းယုံလား"
"လာနောက်နေတာဘဲ"
"နောက်နေတယ်ထင်လား ဟယ်ချန်း ငါ့မျက်လုံးတွေကို
ကြည့်"ထက်ပြီး ညှိ့ယူ ခံစေချင်နေတာလား သူ့မျက်ဝန်းတွေကလူ
ကိုဘယ်လောက်တောင် စိတ်လှုပ်ရှားစေလဲဆိုတာ သူမသိ
ဘူးထင်တယ်"ဟယ်ချန်း ငါ့ကိုကြည့်"
"..."
"ငါ မင်းကိုကပ်တွယ်ချင်လို့ပြောနေတာမဟုတ်ဘူး မင်း
ကိုကပ်တွယ်နေလို့ပြောနေတာ""ဟာသတွေ"
"ငါ့ကိုမယုံချင်လည်းရတယ် ဒါပေမဲ့ ငါမင်းကိုတကယ်.."
"တော်တော့ ဂျယ်မင်း ရပြီ "
"ဟယ်ချန်း"
"တော်လို့ရပြီ ငါတို့ကဘယ်လိုဖြစ်မှာမို့လဲ အဲ့ဒီအစား မင်း
တခြားတစ်ယောက်ကိုချစ်လိုက်ရင်တောင် ငါခံစားရမှာ မ
ဟုတ်ဘူး""....."
"မင်းပြန်ရတော့မှာပေါ့ မင်းငါ့အနားကထွက်သွားတဲ့အခါ
ငါက မင်းကိုစွဲလမ်းတဲ့စိတ်ကြီးနဲ့ကျန်ခဲ့ရမှာ မင်းကတော့
မေ့သွားမှာ ဒါပေမဲ့ ငါတို့အချစ်တွေက အဝေးကို လွင့်ပြယ်
သွားလောက်နိုင်တယ်""ဟယ်ချန်း ဒါပေမဲ့"
"ငါတို့ချစ်သွားတဲ့အခါ မင်းကိုငါကဘယ်လိုစိတ်နဲ့ လက်
လွှတ်ပေးလိုက်ရမှာလဲ""...."
"မင်းကမင်းနေရာ မင်းပြန်ရောက်သွားပေမဲ့ ငါကမဟုတ်
ဘူးလေ ""...."
"မင်းပြောသလိုဘဲ ငါလည်းမင်းကို ငါ့အနားမှာ ကပ်တွယ်
စေချင်နေတာမို့ ငါ့ကိုချစ်တယ်ဆိုလည့်း မြိုသိပ်ထားပေးပါ
ငါကမင်းကိုချစ်နေရင်လည်း ထုတ်ပြမှာမဟုတ်ဘူး""ဒါပေမဲ့ မရတော့ဘူး ဟယ်ချန်း"
"ဘာ!"
"ငါမင်းကိုချစ်မိသွားတာမို့ ငါပြန်ရမှာဘဲလေ"
![](https://img.wattpad.com/cover/301222172-288-k456366.jpg)
YOU ARE READING
A Human Sculpture I created
RandomNahyuk💚NCT (Mini Fic ) ငါဖန်တီးထားတဲ့ကျောက်ဆစ်လူသားလေး အပြစ်ပေးခံလိုက်ရပြီး ကောင်းကင်ဘုံကကျိန်စာတိုက်ခံရ ပြီးရောက်လာတဲ့ နာဂျယ်မင်း ထူးဆန်းတဲ့ကျောက်တုံးလေးကို ထုဖော်လိုက်ပြီး လှပတဲ့ ကျောက်ဆစ်ရုပ်လေးအသွင်ပြောင်းလိုက်တဲ့ အီဟယ်ချန်း သူတို့နှစ်ယောက်ကြား...