PT { 2 }

296 32 2
                                    

(Zawgyi)

ကျောက်တုံးလေးအား စားပွဲခုံပေါ်တင်လိုက်ရင်း ဟယ်ချန်းစဉ်းစားခန်းထုတ်တော့သည်

"အမ်  ဒီနေ့ကငါ့အချစ်ရေးကံကောင်းတယ်လို့ပြောပေမဲ့
ငါကောက်ရတာကျောက်တုံးကြီး ငါ့ရည်းစားလေးနဲ့တောင်
ချစ်တီမတူးလိုက်ရဘူး ဒါဆိုငါ့ကိုမိုးနတ်မင်းကြီးကအလျော်
ပြန်ပေးတာဟုတ်မယ်"

ဟယ်ချန်းတွေးတောခန်းဝင်ပြီးတာနဲ့ သူ့ရဲ့ကျောက်တုံးလေးကို ရေချိုးခန်းထဲသယ်သွားရင်း ပွတ်ဆေးလိုက်တော့ သူထင်ထားသလိုမဟုတ်ဘဲ ပုံမှန်ကျောက်စရစ်ခဲအရောင်သာ
ဖြစ်နေတယ်

"ဘာလဲဟ ခုနက အစိမ်းရောင်ပါ"

သူသေချာကိုကြည့်နေပေမဲ့အရောင်က နည်းနည်းမှမပြောင်းလာပါ ဟယ်ချန်းစိတ်ပျက်စွာဖြင့် မျက်မှန်လေးအားပင့်တင်ရင်း သက်ပြင်းအရှည်ကြီးချလိုက်ပါတော့တယ် ဘယ်လိုတောင်စိတ်ပျက်စရာကောင်းတာလဲဟာ  ကျောက်တုံးကိုလျစ်
လျူရှုရင်း ဟယ်ချန်း သူ့ကုတင်ပေါ်ပြန်သွားရင်း ဖုန်းလေး
ထုတ်ကာ Instagram ကို ဝင်ကြည့်တော့ သူ့ဦးလေးတင်ထားတဲ့postလေးက တက်လာပါလေရော်

သူ့ဦးလေးက သူထုထားတဲ့ကျောက်ရုပ်ထုလေးတွေကိုတင်
ထားတဲ့ပုံလေးတွေပေါ့

"ငါတို့ဦးလေ ဘယ်တုန်းကစပြီး ဒါတွေထုတက်သွားပါလိမ့်
ချစ်ရတဲ့တူလေးကိုတောင်မပြောပြဘူး "

ပုံလေးတွေကိုတစ်ပုံချင်းလိုက်ကြည့်မိတော့ သူတောင်အဲ့လို
ရုပ်ထုလေးတွေလိုချင်သွားသည် ဝယ်ရင်လည်းဈေးကကြီး
ဦးမည် သူ့ဦးလေးကလည်း အလကားပေးဖို့မဆိုလေနဲ့ဈေး
တောင်လျှော့ပေးမယ့်ပုံမပေါ်ပါ ဟင်းးးး ရေချိုးခန်းထဲက
ကျောက်တုန်းလေးကိုပြန်လှည့်ကြည့်မိပြန်တော့

"အင်း မရရင်လည်းရတာလုပ်ရမှာပေါ့ "

ဟယ်ချန်းအကြံတစ်ခုရသွားပြီး သူ့ကျောက်တုံးလေးကိုအိတ်ထဲထည့်ကာ သူ့ဦးလေးဆီကို ခြေဆန့်ရတော့တယ်
ဘယ်တတ်နိုင်မလဲ လိုချင်တာကိုး

"ဘယ်သွားမလို့လဲ"

သူဘာလုပ်လုပ်လိုက်မေးနေတဲ့ အီဟယ်ဝန်းက တစ်ကယ်
ကိုစိတ်ရှုပ်စရာကောင်းသည် တံခါးမှူးလိုလို အပေါက်စောင့်
လိုလိုနဲ့ကျောင်းပိတ်ချိန်ရောက်တိုင်း သူစိတ်ရှုပ်ရပါသည်

A Human Sculpture I createdWhere stories live. Discover now